ကြမ်းရှရှလက်ချောင်းထိပ်များက နုညံ့လွန်းတဲ့နှုတ်ခမ်းဖူးဖူးလေးကို အသာအယာ ပွတ်ဆွဲသွားချိန်မှာ လျှပ်စီးကြောင်းတစ်ခုထွက်ပေါ်လာသလိုမျိုး ခံစားလိုက်ပြပြီး နှစ်ယောက်လုံးရဲ့ရင်မှာ စိတ်လှုပ်ရှားမှု လှိုင်းအနည်းငယ်က ရိုက်ခက်သွားတော့၏။

နန်ဟွိုင်လင် ဖေ့ချန်ကို ဖျက်ခနဲကြည့်မိသွားကာ ရှက်လွန်းပြီး ခေါင်းငုံ့ထားလိုက်၏။ ထို့နောက် သူ့တံတောင်နဲ့ ဖေ့ချန်ကို အသာထိုးလိုက်သည်။

" ခင်ဗျား ဒီနားက ထွက်သွားတော့...ကျတော် လုပ်နေတာကို ပိတ်မထားနဲ့ "

" အိုကေလေ " ဖေ့ချန် နောက်ကျော​ပေးပြီး လှည့်ထွက်လာခဲ့၏။ အခုလေးတင် နန်ဟွိုင်လင့်နှုတ်ခမ်းကို ထိခဲ့တဲ့ သူ့လက်ချောင်းကို စုပ်ယူကာ လျှာနဲ့လျက်ကြည့်လိုက်သည်။ ပျားရည်လိုပဲ ချိုချိုလေးနဲ့ အရမ်းကောင်းတယ်..

ပန်းကန်တွေက သူ့ရှေ့ကို တစ်ခုပြီးတစ်ခု ရောက်လာပြီးနောက် နန်ဟွိုင်လင်က ပြောလာ၏။

" ခင်ဗျား အရမ်းဗိုက်ဆာနေတာမလား? စားနှင့်နော်..ကျတော့်ကို မစောင့်နဲ့ "

ဖေ့ချန်က စိတ်ကျေနပ်နေတဲ့မျက်နှာနဲ့ ပြုံးကာဆိုလာသည်။

" ကိုယ် မင်းနဲ့ အတူတူ စားရအောင် စောင့်နေမှာ "

နန်ဟွိုင်လင်, "......"

ဒီနေ့မှ ဒီလူကြီး ဘာလို့ ထူးထူးဆန်းဆန်းတွေ လုပ်နေပါလိမ့်?

ဟင်း...ချစ်ဖို့တော့ ကောင်းသား

နန်ဟွိုင်လင် သူ့အလုပ်တွေကို ပြီးအောင်လုပ်လိုက်ကာ ဖေ့ချန်၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ အပြင်မှာတော့ အလင်းရောင် ရှိနေတုန်းပဲ...

တကယ်တော့ ညစာစားဖို့က နဲနဲတော့ စောနေသေးသည်။

နန်ဟွိုင်လင်, " စားစို့ "

Confuciusက ပြောတယ် ' အစားရယ်၊ အလှလေးရယ်၊ sexရောပဲ' တဲ့..

အစားရယ် အလှလေးရယ် ရှိရုံနဲ့တင်ကို ဖေ့ချန် ပျော်ရွှင်မှုကို အကြာကြီး ခံစားရပါ၏။

" ကိုယ် ခနနေရင် သိပ်ကြည့်ကောင်းတော့မှာ မဟုတ်ဘူးနော်...အဲ့တာကြောင့် မင်းကိုယ့်ကို မရီရဘူး "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now