သူတို့ ချစ်သူတွေတောင် မဖြစ်ကြသေးဘူးကို သူ အခုလိုဖြစ်နေပုံထောက်ရင်...အနာဂတ်မှာ နန်ဟွိုင်လင်ကို သူ ဘယ်လောက်ထိ ချစ်လိမ့်မလဲ? သူက ငါ့ကိုအရာအားလုံးလုပ်ပေးမဲ့ မိန်းမလေး ဖြစ်လာမှာ... သူ့နှလုံးသားထဲမှာရှိတဲ့ မိန်းမလေးက ဘယ်လိုမှားယွင်းတဲ့အရာကိုမှ လုပ်မှာမဟုတ်ဘူး

အား..ငါ သူ့ကို အရမ်းချစ်ပစ်လိုက်ချင်ပြီ...အား..ငါ သူ့ကို နမ်းပြီး ပွေ့ဖက်ထားချင်တယ်..ပြီးရင် သူ့ကို အမြင့်ကို တင်ပေးမယ်

နန်ဟွိုင်လင်၏ နောက်ကျောကို ကြည့်ရုံနဲ့ သူ့စိတ်တွေ နိုးကြွခက်ထန်လာကာ ပူတက်လာတော့သည်။

သူ ဘယ်အချိန်မှ မိန်းမနဲ့အတူနေရတဲ့ပုံစံမျိုးကို နေသားကျမှာလဲ? စိတ်ပူမိလိုက်တာ..

ဖေ့ချန် ခိုးကြောင်ခိုးဝှက်နဲ့ သူခွကြားကို ဖုံးအုပ်လိုက်ပြီး ထကာ အပူတွေ ငြိမ်းအေးသွားစေဖို့ ရေခဲရေတစ်ဗူးကို သွားသောက်ဖို့လုပ်လိုက်၏။ ရေဗူးတစ်ဝက်လောက်ကို အမြန်မျိုချလိုက်ပြီး ထိန်းချုပ်မရတော့ဘဲ နန်ဟွိုင်လင်ဆီသွားကာ မေးလိုက်၏။

" ရေသောက်ချင်လား? "

နန်ဟွိုင်လင် တကယ်တော့ ရေနဲနဲဆာနေပါသည်..ဒါပေမယ့် လက်နှစ်ဖက်လုံးက မအားတာကြောင့် ငြင်းဆိုလိုက်၏။ " ကျတော် ပြီးမှပဲ သောက်တော့မယ် "

" ကိုယ် တိုက်ပေးမယ် " ဖေ့ချန်က အနားတိုးကပ်လာကာ ရေဗူးကို နန်ဟွိုင်လင့်နှုတ်ခမ်းနား တိုးကပ်ပေးရင်း တမင်တကာ ပြောဆိုလာ၏။ " ကိုယ်လဲ အဲ့နားကသောက်ထားတာ..မင်း စိတ်ထဲမထားဘူးမို့လား? "

နန်ဟွိုင်လင် သက်ပြင်းခိုးချလိုက်သည်။ ကျတော် မကြိုက်ဘူးလို့ ပြောလို့ရလို့လား?

ဒါပေမယ့်လည်း....တကယ်တော့ သူ စိတ်ထဲမထားမိပါဘူး

ဖေ့ချန်ဆီက ရေသောက်ပြီးတော့ သူသောက်ပြီးသွားပြီဆိုတာပြဖို့ နန်ဟွိုင်လင် " အင် " ဆိုတဲ့အသံလေး ထုတ်လွှတ်လိုက်၏။ ထိုအခါ ဖေ့ချန်က ရေဗူးကို ဆွဲယူသွားပြီး သူ့နှုတ်ခမ်းပေါ်မှာ တင်ကျန်နေတဲ့ ရေစက်တွေကို လက်ချောင်းတွေနဲ့ ပွတ်ဆွဲပေးလာ၏။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now