"မင်းကြီး ကျွန်တော်မျိုးရောက်ရှိပါပြီ"

"Kingsley ငါ့သားတော်နဲ့မင်း အနီးကပ်ရှိခဲ့တာဖြစ်လို့ ဘာထူးခြားချက်များ ရှိနေခဲ့လို့ ငါ့သားတော်ဒီလိုဖြစ်သွားရလဲဆိုတာ မခြွင်းမချန်လျှောက်တင်စမ်း"

"ကျွန်တော်မျိုး....."

"ငါ့သားတော်က အခုလိုမျိုး တကြိမ်တခါမှ မဖြစ်ခဲ့ဖူးဘူး။ စစ်ပွဲတွေမှာ ထိခိုက်လာတာမျိုး၊ နာမကျန်းဖြစ်တာမျိုး ရှိခဲ့သည့်တိုင် ဒီလိုမျိုးအကြောင်းအရင်းမရှိ....အဲ့ဒီအချိန်က အဖြစ်အပျက် တခုမကျန် ငါအကုန်သိချင်တယ်"

မင်းကြီးသည် သူဧ။်သားတော်ကို အလွန်အမင်းစိုးရိမ်နေခြင်းကြောင့် မျက်နှာထားရော၊ လေသံပါ ခက်ထန်နေသည်။ ထိုအခြင်းအရာကြောင့် ကောင်းယံမှာ မည်သည့်စကားကိုမှ မပြောရဲတော့။ သို့သော် အမေးရှိလာပြီဖြစ်သည့်အတွက် အဖြေရှိရတော့မည်။ မျှော်စင်ရင်ပြင်ကဖြစ်ရပ်များအား မိမိနှင့် မင်းသားအိုင်းဆက်မှလွဲ၍ မည်သူမှ ​သေ​သေချာချာ မြင်ခဲ့ပုံမရခြင်းက ​တော်​သေးသည်ဟု ဆိုရမည်။

"အရှင့်သားအနားမှာ ကျွန်တော်မျိုး တချိန်လုံးရှိနေခဲ့ပါတယ် မင်းကြီး။ ယမန်နှစ်တွေလိုပဲ ဘာမှထူးခြားချက်မရှိခဲ့ပါဘူး။ လိပ်ပြာအုပ်ကြီး ပြန်လည်ထွက်ခွာချိန်မှာ အကြောင်းအရင်းမရှိ အရှင့်သားလဲကျသွားခဲ့တာပါ"

ထပ်မံမေးမြန်းလိုဟန် ရှိသေးသည့်တိုင် ပွင့်ဟလာသောတံခါးရွက်ကြောင့် အားလုံးဧ။်အာရုံက ထိုတံခါးဝမှထွက်လာသည့်​ ​တော်ဝင်သမား​တော်ထံ​ ရောက်ရှိသွားကြသည်။ သမားတော်မှာလဲ အပြင်သို့ရောက်သည်နှင့်

"အရှင်မင်းကြီးကို ကျွန်တော်မျိုး လျှောက်တင်...."

ဟု ဆိုကာ ဂါရဝပြုအံ့ဆဲဆဲမှာပင် မင်းကြီးမှာစိတ်ရှည်ဟန်မတူတော့။ တော်ဝင်သမားတော်ဧ။် လက်မောင်းအား ဆွဲကာ ဖြတ်၍ပြောတော့သည်။

"အဲ့ဒါတွေမလုပ်နဲ့တော့ ငါ့သားတော်ဘာဖြစ်သွားတာလဲ ဆိုတာပဲလျှောက်တင်"

"အရှင့်သားက စိတ်ပူပန်ရမယ့် အ​ခြေအ​နေမှာမရှိပါဘူး အရှင်မင်းကြီး"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now