ထိုအခါ လုကျင့်ချင်းမျက်နှာပေါ်မှာ ဖျော့တော့အပြုံးပါးပါးလေး ပေါ်ထွက်လာခဲ့ရင်း အားယူပြီး အသက်ရှုကာ ပြောနေတော့သည်။

" အကို..ကျတော့်ကို နောက်ထပ်...ထားမသွားပါနဲ့နော်...အိမ်ပြန်..ခေါ်သွားပေးပါ..နော်..ကျတော် အိမ်ကို လွမ်းတယ်- "

တဖြေးဖြေးနဲ့ လုကျင်းချင်းအသံက အားပျော့ပျော့လာကာ မကြားရလုနီပါးဖြစ်လာတာကြောင့် လုကွမ်းလန်က ခေါင်းငုံ့ကာ သူ့နားကို သူ့ညီရဲ့ နှုတ်ခမ်းနားလေး ကပ်ထားရင်း သူ့ရဲ့စက္ကူလိုဖြူစုတ်နေတဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ တစက်စက်ကျဆင်းနေတော့သည်။

" အကို...ကျတော် အရမ်းအေးနေတယ်...ကျတော့်ကို ဖက်ထားပေးပါ..ငယ်ငယ်ကလိုမျိုး..အဲ့တိုင်းလေး "

ထို့နောက် လုကျင်းချင်းရဲ့ မျက်လုံးလေးများက ဖြေးညှင်းစွာ ပိတ်သွားကာ မျက်ဝန်းထောင့်ကနေ မျက်ရည်တစ်ကြောင်းစီကျလာပြီး လုကွမ်းလန်ရဲ့ မျက်နှာကိုကိုင်ထားတဲ့ လက်က မြေပြင်ပေါ်ကို လျှောကျသွားတော့သည်။

လုကျင့်ချင်း၏နွေးနေဆဲဖြစ်သည့် ကိုယ်လေးကို လုကွမ်းလန် တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိရင်း သူ့ညီ၏လည်ပင်းထဲကို မျက်နှာအပ်ကာ နာနာကျင်ကျင် ငိုရှိုက်မိတော့သည်။

အချိန်ဘယ်လောက်ကြာသွားလဲတော့မသိပေ..ထိုအချိန်ကြမှ လုကွမ်းလန်က သူ့ညီရဲ့ကိုယ်ကို လက်ထဲ၌ထည့် မ,ကာ မတပ်ရပ်ပြီး အလွန်ဝေးကွာတဲ့နေရာတစ်ခုဆီသို့ လေကိုဆန်ကာ လမ်းလျှောက်သွားခဲ့သည်။ " ကျင့်ချင်း...အကို မင်းကို အိမ်ပြန်ခေါ်သွားမယ်နော်"

ရိုက်ကွင်းပြီးဆုံးသွားသည်ထိတိုင်အောင် ရှန်ချုန်း၏ စိတ်ခံစားချက်များက တော်တော်ကြာသည့်ထိ ငြိမ်သက်မသွားခဲ့ပေ။

ကြယ်နိုင်ငံ စရိုက်ကတည်းကနေ အခုထိ ဒီအပိုင်းက သူ့ကို နှစ်မြောမှု အပေးနိုင်ဆုံးအပိုင်းပဲ။ သူ့အသည်းတွေ ကြေမွသွားတဲ့ ခံစားချက်က တကယ်ကို ပြင်းထန်ခဲ့သည်။ ပြောခဲ့သည့်စကားလုံးတွေနဲ့ လုကျင့်ချင်းကို တွေးလိုက်မိရင် သူ့နှလုံးက နာကျင်မှုတွေနဲ့ပြည့်နက်သွားကာ မလုပ်ယူဘဲနဲ့ကို မျက်ရည်များက သူ့အလိုလို စီးကျလာတာဖြစ်သည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now