" ကဲ..ရှင်ကြိုက်တဲ့ ဝက်သားနီချက် ရပါပြီရှင် "

" ဟာ..မနေ့က ငွေပိုတယ်နဲ့တူတယ် ဝက်သားတွေဘာတွေချက်လို့ "

ရှင်းရှင်းက ခေါင်းကိုအသာငြိမ့်ကာ စားပွဲပေါ်ကို ဟင်းပွဲတွေချရင်း

" ဒါပေါ့..ယွမ် ၁၀၀ တောင်ပိုတာလေ။ အဲ့တာနဲ့ ရှင်ကြိုက်တတ်တာလေး ဝယ်လိုက်တာ။ဘယ်လိုလဲ တော်တယ်မှတ်လား "

" ဟားဟား..တော်တာပေါ့ကွာ။ကိုယ့် အချစ်က အတော်ဆုံး "

အချစ်ရဲ့ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို နှာခေါင်းချွန်ချွန် နစ်ဝင်သည်အထိ နမ်းရှိုက်လိုက်သည်။ ထို့နောက် ပါးဖောင်းဖောင်းကြီးကို အသည်းယားလာသဖြင့် ခပ်ဖွဖွကိုက်လိုက်မိပြန်သည်။

" အား!!! နာတယ် အကောင်ရဲ့ "

" နာအောင် ကိုက်တာလေကွာ။မကျေနပ်ရင် ပြန်ကိုက်လိုက် "

ခေါင်းလေးစောင်းပြီး ပါးကိုဖောင်းပေးလာသော ဝမ်ဟဲ့တိရယ်ပါ။ရှင်းရှင်းလည်း စချင်တာမို့ ကိုက်ရမည့်အစား ဆီတွေပေးနေသော တူဖြင့် ညှပ်လိုက်သည်။

" ဟာ..အချစ်ကလည်း ရုပ်ချောချောလေးကို ဆီတွေပေအောင်!! "

" မကျေနပ်ဘူးလား..မကျေနပ်ရင် လဲသေလိုက် ဟျောင့် ကြောက်မနေဘူး..ဘလာ ဘလာ ဘလာ "

လျှာထုတ်ပြကာ နောက်ပြောင်နေသော ချစ်ဇနီးလေးအား ထမင်းပန်းကန်ဘေးက တူကိုယူကာ ဆီသုတ်လိုက်ပြီး လိုက်တို့တော့ ထမင်းစားပွဲကို ပတ်ပြေးနေသည်။

" ဟားဟား...မှီလည်း မမှီပဲနဲ့ "

" ဒီကောင်မလေးကတော့ လာခဲ့ "

ဝမ်ဟဲ့တိက အနောက်ကနေလိုက်ရင်း ရှင်းရှင်းက အရှေ့ကနေ ပတ်ပြေးနေသည်။ဒီလိုပါပဲ ရိုးရှင်းတဲ့ ညစာစားပွဲလေးက နေ့တိုင်း ပျော်စရာကောင်းနေခဲ့သည်။

" မောင်..မောင်!! "

" ဟမ်..အ့ "

ရှင်းရှင်းက အရှေ့ကနေပြေးနေရင်းမှ ရုတ်တရက် အသံလာရာကို ရပ်ကြည့်လိုက်တော့ အနောက်က ပြေးလိုက်နေတဲ့ ဝမ်ဟဲ့တိရဲ့ ခန္ဓာကိုယ်ကြီးဖြင့် ဝင်တိုက်မိတော့သည်။

🍂 မောင် 🍂Where stories live. Discover now