အပိုင်း(၆၄)

Zacznij od początku
                                    

“သူမကအဲ့လို‌ပြောခဲ့တာ"

ခွန်းက စိတ်မနှစ်မြို့သွားပုံရသည်
"Nah ငါထွက်ပြေးသွား ကာဒီယမ်လက်ထဲမှာ သေရမှာကြောက်လို့လေ"

ခွန်းက အလွန်အရုပ်ဆိုးသောမျက်နှာနှင့် ရေရွတ်လေသည်
"မင်းလဲ အဲ့နေ့က သူ့အမူအရာကိုမြင်တာပဲ ငါအဲ့မှာဆက်နေ‌ရင် သူက အိပ်ရာကိုကျိုးအောင်လုပ်ပြီး ငါ့ဗိုက်ကို ဓားနဲ့ဆိုက်တော့မှာလေ ဒါကြောင့် ငါမြန်မြန်ထွက်ပေးခဲ့ရတာ"

“…..ရှင်ကောင်းကောင်းလုပ်ခဲ့ပါတယ်"
ကပ်ဆိုက်ကာလကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်တဲ့ သူရဲ့စွမ်းရည်ကို တန်ဖိုးကောင်းကောင်းဖြတ်ပေးလိုက်သည်

လုရှန် ခွန်းကို တကယ်သတ်မလား သူမသိချင်‌မိသည် ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ အဲ့နေ့က လုရှန်အမူအရာက ပုံမှန်မဟုတ်ပေ

ခွန်းက ပခုံးကိုတွန့်ပြကာ မေး‌ေလသည်
"ငါထင်တာ မင်း စံအိမ်ထဲမှာ ပိတ်လှောင်ခံလိုက်ရပြီလို့ပေါ့ ဒါပေမဲ့ ငါထင်တာမဟုတ်ဘူးပဲ"

“ဒါပေါ့ ဘယ်ဟုတ်မလဲ.”

"တော်သေးတာပေါ့ လုရှန်စိတ်အခြေအနေက အဲ့နေ့ကတည်းက မကောင်းတာ သူမျက်လုံးတွေက အရမ်းကြောက်စရာကောင်းနေတာ သူ့အရှေ့မှာ အမြီးနှံ့ပြနေကြ သူ့လက်အောက်ငယ်သားတွေတောင်မှ သူကို စကားမပြောရဲဘူး"

"သူက စစ်ပွဲကို ထပ်သွားရအုမ်းမှာကြောင့် ‌ဖြစ်မှာပေါ့ သူက စစ်ပွဲကာလမှာ အရမ်းဆက်ဆက်ထိမခံဖြစ်နေတာနေမှာပေါ့"

သူမနဲ့လုရှန်ကြားမှာ ဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ အသေးစိတ်မဖော်ပြချင်တာကြောင့် အကြောင်းအရာကို မပီမပြင်ပြောင်းလိုက်သည်
"အဲ့ဒါထက် ဒါကိုယူလိုက်"

သူမ လေးလံတဲ့ အိတ်ငယ်လေးကိုထုတ်လိုက်ပြီး ခွန်းဆီပေးလိုက်သည်
“အဲ့တာဘာလဲ”

"အဲ့ဒါက တန်ဖိုးအမြင့်ဆုံး ရတနာတစ်ခုပဲ ရောင်းလိုက်ရင် စံအိမ်အနည်းငယ်လောက်တောင်၀ယ်လို့ရတယ်"

"ဝိုး မင်း ငါ့ကိုတွေ့ဖို့ခေါ်တာ ဒါအတွက်လား မင်း ငါ့ကို ရတနာနဲ့ ဆွဲဆောင်ဖို့ကြိုးစားတာဆိုရင် မင်းအောင်မြင်သွားပြီ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးOpowieści tętniące życiem. Odkryj je teraz