အခန်း ၂၀၃

Start from the beginning
                                    

သူမက ရန်ဖြစ်ရဲသည်အထိ တက်ကြွနေပြီး ၎င်းက လေးစားထိုက်ပေသည်။

အဘယ်ကြောင့်ဆိုသော် လူအုပ်ကလည်း ရို့ပင်းကို စိတ်ရင်းဖြင့်အားပေးနေကြခြင်း မဟုတ်ချေ။

သူမ ရှင်းဟယ်ကို ချောက်ချသည့်ပုံစံအရ သူမ ထိပ်ရောက်ရန် ခြေလှမ်းစလှမ်းနေတာသေချာနေ၏။

အစပိုင်းက သူတို့သည် ပါမောက္ခများကိုသာ အားပေးနေခြင်းဖြစ်သည်၊ သူမကို အားပေးနေတာမဟုတ်။

သူမ၏ ဆိုးရွားလှသော သားပုပ်လေလွင့်ပြောသူအချို့ကလည်း အခွင့်ကောင်းယူကာ ဆွပေးလေသည်။

"အမှန်ပဲ၊ ခေါင်းဆောင်ယွင်၊ စိန်ခေါ်မှုကို လက်ခံသင့်တယ်၊ ဒါမှ သူလိမ်မှန်း ဖော်နိုင်မှာ"

"အသေအချာပဲ၊ ခေါင်းဆောင်ယွင်က သမာဓိရှိတဲ့အမျိုးသမီးမှန်း ကျွန်တော်တို့ယုံကြည်တယ်။ အဲတော့ ဓာတ်ခွဲခန်းထဲက တစ်သက်လုံးအပိတ်ခံရလဲဘာအရေးလဲ။ သူလိမ်နေမှန်းသိနေတာပဲဟာ၊ စိတ်ပူစရာမလိုပါဘူး"

တစ်ခါလောက်တော့ လူအုပ်က အသုံးဝင်တဲ့နေရာရှိသားပဲ...

ရို့ပင်း ဒေါသတကြီး အံကြိတ်နေသော်လည်း သူတို့ကို ဒေါသထွက်ကာ ပတ်မ
ရမ်းချေ။

သူမရင်ထဲ ကြောက်ရွံ့မှု ရှိနေ၏။ ဘာကြောင့်မှန်းမသိ သူမ ရှင်းဟယ်ကို စိန်ခေါ်ရန် တုံ့ဆိုင်းနေမိ၏၊ သို့သော် သူမ နောက်ဆုတ်လို့မရတော့ချေ။

ဟုတ်သားပဲ၊ ကွန်ပျူတာ သိပ္ပံနဲ့ဆိုင်တဲ့ စမ်းသပ်ချက်ရှိသေးတာပဲ။

ရို့ပင်း မသေချာမရေရာမှုကို ခံစားနေရာမှ အသက်ကယ်ကွင်းကဲ့သို့အတွေးကို တွေးမိသွားသည်။

"ကောင်းပြီလေ၊ သူ့ကိုစမ်းသပ်ဖို့ ကတိပေးတယ်။ ဒါပေမဲ့ သူ အရင်ဆုံး ကွန်ပျူတာသိပ္ပံကို အောင်မှရမယ်၊ အဲဒါက ကျွန်မကိုယ်ကျွန်မ ပြင်ဆင်ချိန်လည်း ရမယ်" ဟု ရို့ပင်းက အရှက်မရှိ မျက်နှာပြောင်တိုက်ကာ ယုံကြည်ချက်ရှိရှိ ပြောလာသည်။

ပါမောက္ခဝမ် သက်ပြင်းချလိုက်၏။

ပါမောက္ခများလည်း နောက်ဆုံးတွက် ရို့ပင်း၏ စိတ်ရင်းမှန်၊သရုပ်မှန်ကို သိ
လိုက်ရတော့သည်။ တကယ့်ကို အရှက်မရှိတဲ့အမျိုးသမီးပဲ။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now