နောင်​​ဆက်​က နားမလည်​စွာ
ခေါင်းတစ်​ချက်​ ဆတ်​လျက်
"အဲ့ဒါဆို ငြိမ်းကမနက်​က
ဘာဖြစ်​တာလဲ....
ချော်​လဲတာများလား....တစ်ခုခု​တော့
ဖြစ်​မသွားဘူးမဟုတ်​လား...သူကြီး.."
သူကြီးက ​ခပ်​ပြုံးပြုံးနှင့်
မုတ်​ဆိတ်​​မွေးညှင်း​ပေါက်​​လေများကို
ပွတ်​သပ်​လျက်
"မဖြစ်​ပါဘူး...​မောင်​ရင်​ရ...
အိမ်း....ဘာဖြစ်​တာလဲဆိုရင်​​တော့
မောင်​ရင့်​​ကြောင့်​ဖြစ်​တယ်​လို့​ပြောရမှာပဲ..."
နောင်​ဆက်​က ​ကော်​ဖီ​သောက်​​နေရာမှခွက်​ကိုချလိုက်​ကာ
"ကျွန်​​တော်​ ငြိမ်းကိုဘာလုပ်​မိလို့လဲ..."
"အိုကွယ်​...​မောင်​ရင်​ထားခဲ့တဲ့
စာအိတ်​ကို မနက်​ကဦးကြီး​ပေးလိုက်​​တော့ ဒီက​လေးမယ်
ထမင်းစား​နေရင်း​တောင်
ထသွားပြီး အခန်းထဲမှာငို​နေပါ​ရောလားကွ...
တစ်​မနက်​လုံး အခန်းထဲကမထွက်​တာ
ဒီည​နေမှ အမှိုက်​လှည်းဖို့ရယ်​ဆိုပြီး
ထွက်​လာ​လေရဲ့...."
ငြိမ်းငိုသည်​ဆို​သောစကားတွင်
နောင်​ဆင်​ရင်​ထဲ စူးခနဲ....
တစ်​ခါမှမငို​အောင်​ထားချင်​ခဲ့တာ..
ကိုယ်​မင်းကိုငို​စေခဲ့မိတာလား...
က​လေးငယ်​.....
"ဟုတ်​ကဲ့...ကျွန်​​တော်​မှားသွားပြန်​ပြီထင်​ပါရဲ့...."
"ဟုတ်​ပါ့...​အေး...​မောင်​ရင်​​ရေ...
ဦးကြီးလည်း ​မြောက်​​ပိုင်းက
ထန်းရည်​ဆိုင်​​လေး ​ဆေးဖြစ်​ဝါးဖြစ်
သွားမှီဝဲလိုက်​ဦးမယ်​...."
"ဟုတ်​ကဲ့...ငြိမ်းကိုတစ်​ချက်
ဂရုစိုက်​​ပေးပါဦး..."
သူကြီးက တံမြက်​စည်းလှဲ​နေ​သော
က​လေးငယ်​အားကြည့်​လိုက်​ပြန်​ကာ
"​ပြောစရာလား....​မောင်​ရင်​ရဲ့...
ဧည့်​သည်​ကိုဂရုစိုက်​ရမှာ
ဦးကြီးတို့တာဝန်​ပဲ..."
"ဟုတ်​..."
"​အေး...ဒါဆို ​နောက်​တစ်​ပတ်​မှ
တွေ့တာ​ပေါ့ ​မောင်​ရင်​​ရေ..."