သူက အလျင်အမြန် ထလိုက်ပြီး ခုတင်တိုင်ကို မှီလိုက်တယ်။ဂျောင်မီက သူ့ရဲ့ကုတင်ပေါ်ကို စားပွဲသေးသေးလေးကို ချလိုက်တယ်။စားပွဲပေါ်မှာ ဆန်ပြုတ် တစ်ပန်းကန် ဆေးလုံး အနည်းငယ် နဲ့ ရေတစ်ခွက်ကို တင်ထားတယ်။ဆန်ပြုတ်ပန်းကန်ထဲမှာ ဇွန်းကို အဆင်သင့်စိုက်ထားတယ်။

သူက ဆန်ပြုတ်ပန်းကန်ထဲက ဇွန်းကို ကိုင်ပြီး ပါးစပ်ထဲ ထည့်လုနီးနီး..

"ဇွန်းကို ကိုင်နိုင်ရဲ့လား ငါခွံ့ကျွေးရမလား"

ဒီတစ်ခါ သူဒေါပွသွားတယ်။သူ့ကို လူမမာ ထင်နေတာလား။

"ရပါတယ်ဆို ငါအရမ်းကြီး နေမကောင်း ဖြစ်နေတာ မဟုတ်ဘူး ကိုယ့်ဘာသာကို စားမယ်"

"အေးပါ လူကသာ နေမကောင်းသာ စိတ်တော့တိုနိုင်သေးတယ်နော် ဟွန့်"

သူမက နှာရှုံ့တယ်။ဂျောင်မီက တကယ် သူစားပြီးတဲ့အထိ ထိုင်စောင့်နေခဲ့တယ်။ဆေးသောက်ပြီးတဲ့ အထိပဲ။ကံကောင်းတာက ရေခွက်ကိုင်နိုင်လား မမေးတော့ဘူး။အားလုံးပြီးစီးသွားတော့ သူမအခန်းထဲက ထွက်သွားတယ်။

မကြာလိုက် သူရဲ့မျက်ခွံတွေဟာ လေးလံလာတယ်။မျက်လုံးတွေဟာ ဖွင့်မရအောင် မှေးစင်းနေခဲ့ပြီ။အရာအားလုံးကို မှုန်ဝါးဝါးသာ မြင်ရတော့တယ်။

"ဂယူ!!"

"မောင်!!"

သူက မောင့်ကို လှမ်းခေါ်နေပေမယ့် ထူးသံမကြားရတော့။အနက်ရောင်လွင်ပြင်ကြီးထဲ သူတစ်ယောက်တည်း လမ်းပျောက်လို့နေတယ်။အရာအားလုံးဟာ မှောင်မှောင်မည်းမည်း။

"မောင် မောင် ဘယ်မှာလဲ"

တိတ်ဆိတ်ဆဲ။ရုတ်တရက် လူက ပူလောင်လာသလို ခံစားရတယ်။ရင်တွင်းက တမြိုက်မြိုက်  လောင်ကျွမ်းနေသလိုပဲ။မျက်ရည်တွေဟာ တာကျိုးသလို အဆက်မပြတ် စီးကျလို့လာတယ်။တစ်ကိုယ်လုံး ကျောက်တုံးကြီးတစ်လုံးလို လှုပ်ရှားမရတော့။မောင်ရေ။ကယ်ပါ။

"ဖျောက်!"

မိုးစက်တွေက ကောင်းကင်မည်းကြီးဆီက ကျဆင်းလို့လာတယ်။

"ဂျိမ်း!!!"

မိုးခြိမ်းသံကြီးဟာ ကျယ်လောင်စွာ မြည်ဟည်းတယ်။မိုးတစ်ချက်ခြိမ်းတိုင်း မြေပြင်ကြီးက လင်းလက်လို့သွားတယ်။

မောင်(ေမာင္)Where stories live. Discover now