“ဟင်! ငါ့ကိုဘာလို့အဲ့တာပေးချင်တာလဲ။ဒီပန်းကတစ်ခုခုထူးခြားလို့လား”
“ဘာထူးခြားတာမြင်လဲ”
“ဒီမှာရှိတဲ့ ပန်းတွေနဲ့အရောင်ကွဲထွက်နေတယ်။သူကအညိုရောင်လေး။အဲ့အညိုရောင် Comos ကတစ်ခုခုထူးခြားလို့လား”
“အင်း ချောကလက်ရောင်လေးလေ။ ပန်းလေးတွေတိုင်းမှာ သူ့အရောင်နဲ့သူ သူ့အမျိုးစားနဲ့သူအဓိပ္ပါယ်ရှိကြတယ်တဲ့”
“အာ ဒီအကြောင်းဆို မမယူရီနဲ့ဆွေးနွေးသင့်တာ”
“ဒါပေမယ့်ဒါက မင်းအတွက်နော်။”
“အင်းပါ။ မင်းပေးတာဘာမဆို ငါသိမ်းထားပါ့မယ်”
“ဒါပေမယ့်ပန်းလေးတွေက ကြာကြာမခံဘူးနော်”
ဟာရူတိုပန်းလေးကိုကိုင်ပြီး ဂျွန်ဂယူအားမှင်သေသေကြည့်လာကာ..
“မင်းအရမ်းထူးဆန်းနေတယ်။ပြောချင်တာတစ်ခုခုရှိရင်ပြောလိုက်ပါလား”
“မရှိပါဘူး။ဒါဆိုငါသွားပြီ။မနက်ဖြန်ငါ့ကိုရှာချင်တာဖြစ်ဖြစ်ငါ့ဦးလေးအိမ်ကိုလာနော်။ငါအဲ့ကနေ ထွက်မှာ”
“အင်းပါ”
ဂျွန်ဂယူအရမ်းထူးဆန်းနေတာတော့အမှန်ပင်။
-----------
ဂျွန်ဂယူတစ်ယောက် စိတ်လှုပ်ရှားနေသည်။ဟာရူတိုများပန်းလေးရဲ့အဓိပ္ပါယ်ကိုသိသွားပြီလား။သူသာ သိသွားခဲ့လို့လက်ခံမယ်ဆို ဆိုလ်းကိုသွားမယ့်အစီစဉ်ဖျက်လိုက်တော့မှာ။ညနေ၄နာရီရထားထွက်တော့မှာ အခု၂နာရီရှိပြီ။ဟာရူတို၏အရိပ်ယောင်ကိုသူမမြင်သေး။ဒီအတိုင်းဆိုရင်တောင်မနက်တည်းကရောက်လာမှာ။ပန်းလေးအဓိပ္ပါယ်ကိုသိသွားလို့များလား။ သူထိုသို့တွေးနေစဉ်မှာပဲ
“ဂျွန်ဂယူရား ....”
ဂျွန်ဂယူအရမ်းပျော်သွားသည်။ဟာရူတိုကလက်ထဲမှာ အထုတ်ပိုးတွေနှင့်သူဆီပြေးလာနေတာဖြစ်၏။
“ဟာရူတို”
ဟာရူတိုကမောနေတာကြောင့်ရုတ်တရက်စကားမပြောနိုင်ပဲအမောဖြေနေရာ ဂျွန်ဂယူ၏နှလုံးသားလေးမှာခုန်ပေါက်နေရ၏။