ကင်မရာမီးတွေ ခုနကထက်ပိုလင်းလာသည်။ မြင်ရခဲသည့် ကမ္ဘာကျော်များမို့လားမသိ ရိုက်မပြီးနိုင်အောင်ရှိလေသည်။ ထိုချိန် Artist-K နှင့်အတူ နိုင်ငံကျော်အကယ်ဒမီမင်းသမီးဖွေးဖွေးလည်း ပွဲတက်ချိန်တိုက်နေလေသည်။ မန်ဘာတွေကို စီနီယာဖြစ်ကြောင်းပြောပြတော့ ဦးညွှတ်ကြ၍ ဖွေးဖွေးကပါပြုံးပြုံးလေး။

ဖွေးဖွေး ×Artist-K ပေါ့။

"မင်္ဂလာပါ ဖွေး၊ မင်္ဂလာပါ Artist-K"

မြန်မာလွန်းကျော်ကြီးအချိတ်ဝမ်းဆက်နှင့်
အင်တာဗျူးမမက ဖော်ရွေစွာနှုတ်ဆက်သည်။

"မင်္ဂလာပါ"

"မင်္ဂလာပါ"

"ခုလို တကယ့်နာမည်ကြီးဒိတ်ဒိတ်ကြဲနှစ်ဦးကိုပြိုင်တူတွေ့နေရတာ ရင်တွေခုန်သွားတာပဲ။ ဟုတ်ကဲ့ ဘယ်လိုဆုံဖြစ်တာလဲ ပြောပြပေးပါဦး"

"ဒီရှေ့မှာပဲဆုံတာပါ။ သူနဲ့ကိုယ်နဲ့အချိန်တိုက်နေတာ အဟင်းဟင်း။ ဖွေးကံကောင်းသွားတာပေါ့ မောင်လေးတွေနဲ့အတူပွဲတက်ရတာ"

မဖွေး၏ပုံစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် လှည့်ချီးကျူး၍ ညီညီ့မှာမနေတတ်။

"ဒါဆိုခုလိုနာမည်ကြီးနှစ်ယောက်အတူဆုံတော့ သူ့အပေါ်ကိုယ့်အပေါ်အမြင်လေးတွေပြောပြပေးပါဦး"

"အဲ....မဖွေးဆိုတာက ကျွန်တော်ငယ်ငယ်ကတည်းကကြိုက်ရတဲ့မင်းသမီးပါ။ ဆေးစက်ကျရာအရုပ်ထင် သရုပ်ဆောင်နိုင်တယ်။ မဖွေးရဲ့အနုပညာပေါ်သက်ဝင်မှုကို သိပ်သဘောကျတာ။ ကျွန်တော်ကမဖွေးရဲ့ပရိတ်သတ်တစ်ယောက်ပါ"

"မောင်လေး Eagle က အဲ့လိုချီးကျူးသွားတော့ နေတောင်မနေတတ်တော့ဘူး။ ဖွေးကမှ သူတို့ရဲ့ဖန်။ သူတို့ကိုစပြီးပွဲဦးထွက်ကတည်းက သတိထားမိပြီးကြိုက်လာတာ။ တစ်ဦးချင်းစီက အရည်အချင်းအပြည့်နဲ့ ငယ်ငယ်လေးတွေ။ တစ်ခါလောက်အပြင်မှာဆုံဖူးခဲ့ချင်နေတာ။ ခုလိုလူငယ်လေးက ကိုယ့်နိုင်ငံကနေထွန်းထွန်းပေါက်ပေါက်ဖြစ်နေတာမြင်တော့ ဝမ်းလည်းသာတယ် ဂုဏ်လည်းယူပြီး ချီးလည်းကျူးပါတယ်"

"ကျေးဇူးပါမဖွေး"

မဖွေး၏အရိုးခံချီးကျူးစကားကြောင့် ရင်ထဲသိမ့်ခနဲတုန်ကာပျော်မိသည်။

IDOLOù les histoires vivent. Découvrez maintenant