ဒါဟာ အချစ်လား ဒါမှမဟုတ် အတ္တလား

1.4K 113 0
                                    

ဒါဟာ အချစ်လား ....

         ကျွန်မ အဲ့လူသားလေးကို အရမ်းချစ်မိသွားပြီထင်ပါရဲ့ရှင်၊ကျွန်မရဲ့ ရင်ခုန်သံများကို သူအစိုးရပြီးကတည်းက  တစ်နေ့မှာ တစ်ခါလေးတောင် သူ့ရဲ့ပုံ ဒါမှမဟုတ် သူ့အကြောင်းမတွေးပဲနေခဲ့တဲ့ နေ့ရယ်ဆိုတာမရှိခဲ့ပါဘူး ။ဒီအကြောင်း မပြောခင် ရှေ့မှာ စကားပလ္လင်ကြိုခံပါရစေ  ၊ ကျွန်မ အသက်ဟာ ၂၄ နှစ်ရှိပြီးဖြစ်တဲ့အတွက် ရှေ့မှာလည်း ရင်ခုန်ခဲ့ သဘောကျခဲ့ဖူးတာတွေ ရှိခဲ့ပါရဲ့၊ ထိုရင်ခုန်သံများရဲ့ အစိုးရရှင်များကို စော်ကားစိတ် မပါဝင်ခဲ့ပါ ။ သို့ပေမဲ့ ဒီတစ်ခါ ကျွန်မ မည်သူတစ်ဦးတစ်ယောက် အပေါ်မှာမှ လုပ်ပေးခဲ့ဖူးခြင်းမရှိတဲ့ ရည်စူးကာ မေတ္တာသုတ် ရွတ်ပေးခြင်းအလုပ်ကိုတော့ သူနဲ့ကြမှ လုပ်ဖြစ်နေခဲ့တယ် ၊ သူက ကြာသာပတေးဖွားလေးလေ ။ တစ်ခါ လေးမှ မတွေ့ခဲ့ဖူး ၊ မဆုံခဲ့ဖူး ပါပဲ နဲ့ သတိရတယ်၊ လွမ်းတယ် လို့ ကျွန်မက ဆိုရင် စာဖတ်သူတွေ အနေနဲ့ကျွန်မကို လှောင်လေကြမလား။ ဒါပေမဲ့ လည်း ကျွန်မ လွမ်းမိတယ်ရှင် ၊​တစ်ခါလေးမှတောင် မရခဲ့ဖူးတဲ့ သူ့ကိုယ်သင်းရနံ့ လေးကို မှန်းပြီး ရှုရှိုက်ချင်နေမိတယ် ။ဆရာမ တစ်ယောက် ဆုံးမ ဖူးတဲ့ စကားလေးတစ်ခွန်းရှိတယ် ၊ လူတစ်ယောက် ဟာ အခြားလူတစ်ယောက် အပေါ် ချစ်လို့ရရဲ့ သို့ပေမဲ့ အတ္တစိတ် တနည်းပြောရရင် ပိုင်ဆိုင်ချင်စိတ်တော့ နည်းပါစေတဲ့ ။ ဪ..တီချယ် ပြောတော့သာ လွယ်ရဲ့ ဘယ်သူကများ ဘယ်လိုစိတ်မျိုးနဲ့ ကိုယ်ချစ်တဲ့ သူကို မပိုင်ဆိုင်ချင်တာများ ရှိမလဲ ။ငယ်ရွယ်စဥ်မှာ ဆုံးမ ခဲ့တဲ့ တီချယ်ရဲ့ စကားတွေကို ကျွန်မမှာ နားလည်နိုင်တဲ့ အတွေးနဲ့ နှလုံးသားရယ် ဆိုတာ ကျွန်မမှာမရှိခဲ့ပါဘူး။ ကျွန်မ ဆိုတဲ့ မိန်းမက ၁၀ နှစ်သမီးမှာ မရခဲ့တဲ့ ဝက်ဝံအရုပ်လေးကို ၂၂ နှစ်သမီးအထိ ရူးသွပ်စွာ နဲ့​ရှာပြီး ဝယ်ခဲ့တဲ့အထိပဲ ။ အမှန်တော့ ကျွန်မ ကိုယ် ကျွန်မအချစ်ပိုနေသလား ၊ သူ့ကို ပဲ ချစ်လို့ပိုင်ဆိုင်ချင်နေသလား မသဲကွဲပေမဲ့ သူနဲ့ သာဆိုအသက်အတူတူကြီးခွင့်ရရင်၊ သူနဲ့ သာ ရှင်သန်ခွင့်ရရင် ကျွန်မ လောက် ကမ္ဘာပေါ်မှာ ကံကောင်းတဲ့သူဆိုတာ ရှိလေပါ့ဦးမလားတွေးမိတယ်။ သူနဲ့ ကျွန်မဟာ တကယ်တော့ သုံးနှင့်လေး ...ကော်ဖီဆို သူသည် expresso ဆိုမှကော်ဖီထင်တဲ့သူ ၊ကျွန်မဆိုသည်မှာလည်း latte မှ ။ အရောင်ဆိုလည်း ကျွန်မ သည် ခရမ်းကြိုက် သူသည် အဝါကြိုက် ။ သို့ပေမဲ့ နစ်ယောက်စလုံး တူသည်ကတော့ ခွေးလေးတွေကို ချစ်တတ်တာပါပဲ​ ၊ ကလေးဆန်စွာနဲ့ အဲ့တစ်ချက်လေးတူတာကို ကျွန်မ ဂုဏ်ယူနေမိတာ မသိရင် သိန်းထီပေါက်နေသလိုပါပဲ ။ မတူတဲ့အချက်တွေကိုလည်း ကျွန်မ ပြင်ပေး သည်းခံပေးနိုင်တယ်လို့ထ င်မိတယ် ၊ သူသာ ပြုံးနေမယ် ဆိုရင်ပေါ့ ။ သူက အဖြူရောင်နဲ့ဆို သိပ်လိုက်တာ၊ တစ်ခါတစ်လေ အဖြူလေးဝတ်ထားတာ မြင်ရင် ကျွန်မ မှာ ရူးခါနေအောင်ပါပဲ ။ သူက နေသည် အနောက်ဘက်အခြမ်းက ထွက်တယ်လို့ ဆိုရင်တောင် ကျွန်မ က အနောက်ဘက် အခြမ်းကိုပဲ မျက်နှာ မူမဲ့ သူမျိုး .....။ ကျွန်မ အတွေးကမ္ဘာ တစ်နည်းပြောရရင် စိတ်ကူးယဥ် ကမ္ဘာထဲမှာတော့ ကျွန်မ အချစ်ခံနေရလိုက်တာ ဆိုတာ ကံကုန်သွားတဲ့ elizabeth ဘုရင်မကြီးနဲ့ ကြင်ယာတော် မင်းသား ဖီလစ်တို့ကို သနားမိတယ်၊ အတွေး ကမ္ဘာမှာ မိုးလင်းပြီးဆိုတာနဲ့ မနက်ခင်းကော်ဖီပြီးရင် မနက်ခင်း သူ့ရဲ့ အနမ်းတစ်ပွင့်ဆိုတာ နောက်ဆက်တွဲရတဲ့အရာ ၊ ဒါပဲ ထင်သလား ညအိပ်ရာဝင်ခါနီး သူ့ရင်ခွင် နွေးနွေးဟာ ကျွန်မအတွက် အဆင်သင့်ရှိနေပြီးသား ။ ဪ ...တကယ်တမ်းလက်တွေ့ဘဝကြီးမှ ကျွန်မရဲ့ အချစ်ကို သူမသိ ၊ အချစ်ကထားပါအုံးလေ ကျွန်မရဲ့ ဖြစ်တည်မှုဆိုတာ ဘာမှတောင်မသိတဲ့ သူ ။ သူကသာ ကျွန်မကို မသိရင်နေမယ် ကျွန်မ ရဲ့ လက်တွေ့ကမ္ဘာရော ...စိတ်ကူးယဥ် ကမ္ဘာမှာရော သူဟာ ကျွန်မရဲ့ ချစ်သူ ၊ ကျွန်မဟာ သူ့စိတ်နဲ့ အသက်ရှင်သန်နေတဲ့ မှောင်မိုက်နေတဲ့လမ်းကို လျှောက်နေတဲ့ လူငယ်လေးတစ်ဦးပါပဲ .....။ တစ်နေ့တော့ ကျွန်မရဲ့ ဖြစ်တည်မှုနဲ့ကျွန်မရဲ့ မေတ္တာစာ လေးတွေကို သူ့ကို သိစေချင်မိတယ် ...


seongmartinez

24.9.2022

မပိုင်ဆိုင်ရရင်တောင် ချစ်တာလေးတော့ သိစေချင်တယ် အချစ်ရယ်Where stories live. Discover now