ရက်စွဲ(၆)

Start from the beginning
                                    

"အဒီး ၊ဒီနေ့ထမင်းချိုင့်ကို အပါကြီး ထည့်ပေးလိုက်မယ်လေ၊ ဒီနေ့အပါကြီး ဟင်းကို စပါယ်ရှယ်ချက်မှာ"
"အော့် ၊ အဲ့တာဆို သား မေမေ့ကို ပြောလိုက်အုန်းမယ်"
"အငတ်က မငြင်းရှာဘူး ၊နှစ်ခါတောင်ပြောစရာမလိုဘူး"
"မင်းမနာလို မဖြစ်ပါနဲ့"
"ကဲကဲ စားပြီးရင်သွားကြမယ်၊"
အပါကြီးက အရှေ့က ၊စူးကျယ်အောင် နှင့်အဒီးက အနောက်က အထုပ်ကိုယ်စီဆွဲလျက် တစ်စျေးလုံး ပတ်ကြတော့သည်။ဝယ်စရာရှိတာ ဝယ် ခြမ်းစရာရှိတာ ခြမ်းပြီး အိမ်သို့ပြန်ခဲ့ကြသည်။

"သားလေးက အဝတ်မြန်မြန်လဲလိုက်ပြီးရင် အဒီးနဲ့ တစ်ခါတည်းကျောင်းလိုက်သွားတော့ ၊အပါကြီး ချက်ပြုတ်ပြီးရင် ထမင်းချိုင့် နေ့လယ်လာပို့မယ်"
"ဟုတ်၊ အဒီးငါ့ကိုခဏစောင့်အုန်း၊ အဝတ်လဲလိုက်အုန်းမယ်"
ထို့နောက် အဒီးအိမ်သို့ ဝင်ကြသည်။ အဒီးလည်း အဝတ်စားလဲပြီး ကျောင်းလွယ်အိတ်ယူရအုန်းမယ်လေ။အဒီးအဝတ်လဲနေချိန် စူးကျယ်အောင် ထိုင်စောင့်နေရသည်။အဒီးအမေ နောက်ဖေးမှ ထွက်လာ၍
"စူးလေး၊ သားမေမေ သတင်းက တကယ်လား"
စူးကျယ်အောင် မဖြေချင်ပါ ။ အမေ့ကိုစိတ်နာ လှသည်။သို့သော်လည်း
"ဟုတ်တယ်လို့ပြောတယ် မေထု၊သားလဲ မသိပါဘူးလေ မေထုရယ် ပြီးတော့ သား သူ့ဆီလဲ မသွားတော့ဘူး"
"အင်းပါလေ ဘာဘဲဖြစ်ဖြစ်ပါ၊ မေထုလဲရှိတယ် ၊သားအပါကြီးလဲရှိတယ်၊အဒီးလဲ ရှိတယ် ၊ဘာမှ မဖြစ်ဘူး၊ဟုတ်ပြီလား၊စာကြိုးစားနော်"
"ဟုတ်မေထု၊ သားလဲ မေထုတို့မိသားစုကိုကျေးဇူးတင်ပါတယ်၊သားအပေါ် ကောင်းပေးကြလို့"
"အေးပါစူးလေးရယ်၊ အဒီးရော ကျောင်းမှာ စာ လိုက်နိုင်လား၊ ကောင်မလေးတွေနဲ့ရော ရှုပ်ရှုပ်ယှက်ယှက်ရှိလား"
"စာကတော့ သူအရင်ကထက် အဆင့်တွေ ကျတယ် မေထု ၊သူအားကစားဘက်ဘဲ စိတ်ရောက်နေလို့ဖြစ်မှာပေါ့၊ ကောင်မလေးတွေကတော့ သူ့ကို လာ ကြောင်ကြတယ်။ သူကတော့ အေးဆေးပါ"
"အေးပါ အဒီးလေးရော ၊စူးလေးရော ၊စာအရမ်းမညံ့ဘဲ၊လူချစ်လူခင်လေး ပေါရင်ဘဲ ရပါပြီကွယ်"
"ပြီးပြီ၊ပြီးပြီ၊ လက်စ်ဂိုး"

_________________________

အဒီးသူ့အမေကို ဒီနေ့ထမင်းချိုင့်မယူတော့ကြောင်း၊အပါကြီးက ပို့ပေးမည့်အကြောင်း၊ကချင်လိုပြောပြလိုက်သည်။မေထု ရေခဲသေတ္တာထဲမှ ဖျော်ရည် နှစ်ဗူး ထုတ်ပေးလိုက်သည်။ မုန်လာဥနီဖျော်ထားသော သဘာဝ ဖျော်ရည်ဖြစ်သည်။မေထု နာမည်မှာ ကချင်နာမည် ဂျာထုဆန် ဖြစ်သည်။ ကချင်ရိုးရာအတိုင်း နာမည်အဖျားတစ်လုံးဆွတ်၍ အက် ပေါင်းကာ အက်ထု (သို့မဟုတ် အထု) ဖြစ်သွားသည်။ ထို့နောက် အမေဟူသော မေနှင့်ရောပေါင်းကာ မေထု ဖြစ်သွားသည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now