Part 13 (The Dream Is )

Start from the beginning
                                    

ဒီခွေးပေါက်ကြီး ဘာစိတ်ကူးပေါက်နေပြန်တာလဲ။

ရှောင်းကျန့်မှာ အပြင်ကဧည့်စောင့်သည့်ခုံမှာ ထိုင်ရင်းစောင့်နေရသည်။ သူ့ရဲ့မျက်စောင်းထိုးဘက်မှာက အတွင်းရေးမှူးကောင်တာရှိသည်။ ထိုအတွင်းရေးမှူးက စကားပြောကောင်းသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ့ကိုရှောင်းကျန့်သေချာရွေးခဲ့တာ။ ရုပ်ရည်၊အရည်အချင်း၊နားလည်နိုင်စွမ်း အစရှိသဖြစ်ပေါ့...သူကအခုBoss မဟုတ်တော့ဘူးဆိုတော့ အတွင်းရေးမှူးဆီမှာ စကားနှိုက်ချင်လာသည်။ ဒါကြောင့်အတွင်းရေးမှူးကောင်တာအနားသွားကာ

" လီလျှိ့ကွမ်း... ! "

အတွင်းရေးမှူးမှာ သူ့ကိုဘယ်လိုသိသလဲဟူသည့် အကြည့်နဲ့အံ့ဩတစ်ကြီး မော့ကြည့်လာသည်။ ရှောင်းကျန့်မှာထိုအချိန်မှ အရင်ကBoss စတိုင်ဖမ်းမိမှန်းသတိရကာ အိုးတိုးအန်းတန်းဖြစ် ချောင်းဟန့်သည်။

" အာ...အဟင် အတွင်းရေးမှူးလီ ဟို အောက်ထပ်ကဝန်ထမ်းတွေဆီက ကြားတာအတွင်းရေးမှူးက အရမ်းအလုပ်ကြိုးစားတယ်ဆိုပြီးလေ...ကျွန်တော်နဲ့ရွယ်တူလောက်ဖြစ်မယ်ထင်လို့ ဒီတိုင်းခေါ်လိုက်တာ "

လီလျှိ့ကွမ်းက ခေါင်းငြိမ့်ပြသည်။

" ဟုတ်ကဲ့..."

" အာ...ဟို ဝမ်...ကျစ်... Boss ကလေ ဒီရက်ပိုင်းအလုပ်အချိန်မှန်တတ်နေတယ်မလား။ အခြေအနေဘယ်လိုရှိလဲ "

လီလျှိ့ကွမ်း ကရှောင်းကျန့်ကိုခဏလောက်ကြည့်ပြီးမှ သူ့ရဲ့Boss နဲ့အတူလာသည်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ပြောဖို့ဆုံးဖြတ်လိုက်ပုံရသည်။

" Boss ကအခုတစ်လော အလုပ်အရမ်းလုပ်နေတယ်။ နောက်ပြီးပရောဂျက်အသစ်တွေချပြီး company ကိုချဲ့ဖို့ကြိုးစားနေတယ်။ အာ...ခင်ဗျားပြောမှ Boss ကနေ့ချင်းညချင်းပြောင်းလဲသွားသလိုပဲ့ "

ရှောင်းကျန့်မှာမှင်သက်နေရင်း

" ပရောဂျက်အသစ်၊ company ကိုချဲ့ဖို့ကြိုးစားနေတယ်။ "

ဒီဝမ်ရိပေါ်...အံ့ဩစရာပဲ့။

" ဒါဆိုအရင်ကBoss ရောဘယ်လိုနေလဲ"

" အင်းးး ပြောရရင် အရင်ကBossကရုံးချိန်ပုံမှန်တတ်တယ်။ ကျွန်တော့်ကိုအမြဲဘောနပ်စ်တွေပေးတယ်။ သူများတွေကBoss ကိုပြင်းတယ်ဆိုပြောပေမဲ့ ကျွန်တော်ကတော့ Boss ကိုလေးစားတယ်။.... "

The Dream is...(complete)Where stories live. Discover now