Ep 7 part1 unicode

Start from the beginning
                                    

"ကယ်ရီက ဆေးရုံထဲထိ လာကြိုပေးတယ်လား''

"လာပါ လော့လော့ရယ် စပ်စုမနေနဲ့တော့ အလုပ်လုပ်ရအောင်ပါ''

"ဟုတ်ဟုတ် ကျဲ''

ရိပေါ်လည်း ကောင်တာက ပြောတဲ့အခန်းကို တံခါးခေါက်ပြီး ဝင်သွားလိုက်တော့တယ်

"အာ..ရိပေါ်ကောပါလား ဝင်ခဲ့လေ''

"ချန်ဟွေ့ မင်းက ကြိုရောက်နေတာလား''

"ဟုတ်တယ်ကော ဟီးး ''

"ဒါနဲ့ နစ်နာသူကော ဘယ်ရောက်သွားတာလဲ ''

" ဟို ဆေးစစ်စရာရှိလို့ဆိုပြီး nurseတစ်ယောက်နဲ့ ပါသွားတယ် ကော  ဟော ဟိုမှာ လာပြီ''

"အာ..ဧည့်သည် ရောက်နေတာပဲ ချန်ဟွေ့ ဒီကအစ်ကိုက ဘယ်သူလဲဟင်''

"အာ ကျွန်တော်က ဒုရဲအုပ် ဝမ်ရိပေါ်ပါ ချန်ဟွေ့ရဲ့
စီနီယာပါ ဒီက မိန်းကလေးကို မေးစရာလေးရှိလို့ပါ ''

"အာ..ဟုတ်ကဲ့ပါရှင့် ''

" မိန်းကလေးနာမည်က''

"စီးစီးပါ''

"သေဆုံးသူနဲ့က ဘယ်လိုပတ်သက်တာပါလဲ''

" ချောင်က ကျွန်မ သူငယ်ချင်းပါ ကျွန်မတို့တွေက ဘဝတူတွေပါ ကျွန်မက ဒီလောကထဲ ရောက်လာတာ မကြာသေးပါဘူး ကျွန်မတို့ရဲ့ ခေါင်းဆောင်က ကျွန်မတို့ကို barမှာ ဖျော်ဖြေခိုင်းပါတယ် အ့ကနေမှ သဘောကျတဲ့ customer က ခေါ်သွားလေ့ရှိပါတယ်''

"အ့ဆို တရားခံက သေဆုံးသူကို ခေါ်သွားတာကို မြင်လိုက်သေးသလား''

"အ့တာတော့ မမြင်လိုက်ပါဘူး ဒါပေမယ့် အ့နေ့ မတိုင်ခင်က ချောင်က သူ့ကို customer တစ်ယောက်က ပိုက်ဆံတွေ အများကြီး ပေးပြီး ခေါ်တယ်တဲ့လေ
ကျွန်မလည်း သူ့အတွက် ဝမ်းသာပေးခဲ့ပါတယ် ဒါပေမယ့် အ့လောက် ငွေတွေ အများကြီး ပေးတော့ မရိုးသားဘူးထင်လို့ သူ့ကို ဂရုစိုက်ဖို့ သတိပေးခဲ့ပါသေးတယ် ကျွန်မတို့ ကတောက်ကဆလေးတောင် ဖြစ်ခဲ့ကြပါသေးတယ် သူသာ ဒီလို ဖြစ်မယ်မှန်းသိရင် သူနဲ့ အဆင်ပြေအောင် နေခဲ့မိမှာ သူ့ကိုလည်း တားခဲ့မိမှာ ခုတော့''

"ရရဲ့လားဗျ ဆက်ပြောလို့က''

"ဟုတ်ကဲ့ ရပါတယ် ကျွန်မတို့က စီးပွားရေး အိမ်က အဆင်မပြေတော့ ဒီလောကထဲ ရောက်လာခဲ့ကြတာပါ ကျွန်မကတော့ ခု မိဘတွေ မရှိကြတော့ပါဘူး ဒါပေမယ့် ချောင်က အမေနဲ့ မသန်စွမ်းတဲ့ မောင်လေး တစ်ယောက် ရှိသေးတယ် သူ့မိသားစုအတွက် သူက
မလုပ်ချင်ပေမယ့်လည်း ဒီဘဝထဲ ရောက်လာခဲ့ရတာ
ခု သူမရှိတော့ သူ့မိသားစုအတွက်လည်း ရင်လေးပါတယ် ကျွန်မတို့ကလည်း ထောက်ပံ့ပေးနိုင်တဲ့ အဆင့်မရှိဘူးရယ် တစ်ခါတစ်လေတော့ ကူညီပေးနိုင်
ပေမယ့်လေ ကျွန်မတို့ကလည်း customer ရှိမှ အဆင်ပြေတာရယ် ကျွန်မတို့ထဲမှာ ချောင်က အလှဆုံးနဲ့ customer အရအများဆုံးပဲ အ့ကြောင့် ရိုးရိုးသားသား လို့ပဲ ထင်ခဲ့မိတာ ဘယ်သူကသိမှာလဲ
လူကို ရက်ရက်စက်စက် သတ်သွားလိမ့်မယ်လို့လေ
ပြည့်တန်ဆာကလည်း လူပါပဲ ဘာလို့ အ့လောက်ထိ
လုပ်ရက်ရတာလဲ ရဲအရာရှိကြီးကို အားနာပါတယ်
ဒါပေမယ့် ကျွန်မ မခံစားနိုင်တော့လို့ပါ ''

You💞💞💞(unicode + zawgyi)Where stories live. Discover now