ပြန်မရနိုင်တော့မယ့်အရာတွေထဲမှာ အမှတ်တရတွေပါတယ် ။ ထာဝရဆိုတဲ့စကားလုံးဟာ လူတွေကိုပြောတာမဟုတ်ပဲနဲ့ အဲ့လူတွေရဲ့အသိဉာဏ်ထဲမှာ ရှင်သန်နေမယ့် အမှတ်တရတွေကိုရည်ညွှန်းရုံသပ်သပ်ပဲ ။
ဒီတိုင်း ..
ကျနော်တို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေဟာလည်း ဖမ်းဆုပ်မရမယ့် တိမ်တိုက်ထဲက ဝမ်းနည်းစရာအမှတ်တရတစ်စုံသာဖြစ်နေခဲ့ရုံပါပဲ ။
•••
" သေချာပြီလား "
" အင်း သေချာပြီ "
သူ့ရှေ့မှာထိုင်နေတဲ့ရှေ့နေဆူဘင်းဟာ မျက်မှန်ကိုင်းကိုပင့်တင်လိုက်ရင်းနဲ့ ခေါင်းကိုငြိမ့်လိုက်တယ် ။
" တကယ်လို့ သူက သူ့အပြစ်တွေကိုဝန်ခံပြီးတော့ နောက်တစ်ကြိမ်အခွင့်အရေးရချင်တယ်လို့တောင်းဆိုလာရင်ရော ? "
" ဖြစ်နိုင်မှာမဟုတ်တော့ဘူး "
ပက်ဆောင်းဟွန်းရဲ့ဆုံးဖြတ်ချက်တွေက သံမဏိထပ်ပိုခိုင်မာလို့နေတယ် ။ ဘယ်လိုပဲဖြောင်းဖျပါစေ ဒီဆုံးဖြတ်ချက်တွေကို သူပြန်ပြင်ပေးနိုင်မယ်မဟုတ်ဘူးဆိုတာကို ချွဲဆူဘင်းက သိတယ် ။ ၅နှစ်ကျော်ခင်မင်လာပြီးတဲ့နောက်မှာ ဆောင်းဟွန်းဆိုတဲ့ကောင်လေးက ဘယ်အရာကိုမှစိတ်လိုက်မာန်ပါလုပ်တတ်တဲ့လူမျိုးမဟုတ်ဘူးဆိုတာကို သူသေချာနားလည်တယ် ။ သူ့စိတ်ထဲမှာလည်း ဝန်ထုပ်ဝန်ပိုးတစ်ခုလိုခံစားနေရတယ် ။ ဒီဇာတ်လမ်းဟာ ဟိုးအစတည်းက သူ့ကြောင့်စလာခဲ့တဲ့အရာ ။ ပြောရရင်သူ့အပြစ်ကင်းမှာမဟုတ်ဘူး ။
လောလောဆယ်သူတတ်နိုင်တာက ဆောင်းဟွန်းကိုအကောင်းဆုံးကူညီပေးလိုက်ဖို့ပဲ ။
" အင်း အဲ့တာဆိုလည်း ငါအခုတည်းက အကုန်ပြင်ဆင်ထားလိုက်တော့မယ် "
" ကျေးဇူးတင်ပါတယ် အကို "
ဆောင်းဟွန်းက သူ့ခြေလှမ်းကိုသူ အနိုင်နိုင်သယ်ရင်းနဲ့ရှေ့နေရုံးခန်းထဲကနေထွက်လို့လာတယ် ။ ဒီရက်တွေမှာ သူမအိပ်ဖြစ်ဘူး ၊ မစားဖြစ်ဘူး ။ ရှင်သန်နေတာကြီးကလွဲရင် သူ့ဘဝမှာ ဘာမှထပ်ပေါင်းလို့မလုပ်ဖြစ်တော့ဘူး ။
STAI LEGGENDO
Memories Of The Cloud || heehoon
Fanfiction-just a heehoon oneshot written in burmese [ Unicode only ]
