ရက်စွဲ(၃)

Start from the beginning
                                    

ထိုညက စူးကျယ်အောင်စိတ်သက်သာရာ ရသွားသည်အထိ အပါကြီး ဖက်ထားပေးပြီး ထိုညက စူးကျယ်အောင်နှင့်အပါကြီး တစ်အိပ်ယာထဲ အိပ်လိုက်သည်။
"သားသား ဒီဘက် ကပ် ၊ကျောချင်းကပ်ထား၊ပိုနွေးတယ်"

သူမှတ်မိပါသေးသည်။ သူ၃တန်းနှစ်က ခုလိုဘဲ အိပ်မက်ဆိုး မက်သော အခါ အပါကြီးခုလိုပင် ချော့မော့ကာ ခုလိုပင် ကျောချင်းကပ် အိပ်ခဲ့ကြရသည်။ ပြီးတော့ ထိုအချိန်က အပါကြီးနှင့် အမေ စိတ်ဆိုး၍ အမေ အိမ်မှာ မရှိသော နေ့လဲဖြစ်ပေသည်။ အပါကြီးသည် စူးကျယ်အောင်ထက် အသက် ၁၉နှစ်သာ ကြီးသည်။ အပါကြီး အမေနှင့် လက်ထပ်စဉ်က အပါကြီးအသက်မှာ ၁၇ နှစ်ပင်ရှိသေးသည် ။အသက်ရွယ်ကွာခြားမှုနှင့် အပါကြီး၏ မရင့်ကျက်မှုတွေကြောင့်ဘဲ သူတို့အိမ်ထောင်ရေးသည် ကွဲလိုက်ကွာလိုက် က ခပ်ခပ်များများဖြစ်ခဲ့ရသည်။

_____________________________

နောက်နေ့မနက် စူးကျယ်အောင် ကျောင်းမတက်ဖြစ်ပါ။အဒီးရောက်လာခဲ့သည်။စူးကျယ်အောင် ကိုစောင့်နေတာ မလာသေး၍ လိုက်လာခဲ့ခြင်းဖြစ်သည်။
"အပါကြီး.....အပါကြီး"
"အော့် .....အဒီး၊ မင်းကောင် နေမကောင်းလို့ကျောင်းမတက်ဖြစ်ဘူး အဒီးရေ"
"ဘာဖြစ်တာလဲ ဒီကောင် မနေ့ကမှ အလတ်ကြီးပါ"
"ထုံးစံအတိုင်းဘဲ အဒီးရေ၊ ညက အိပ်မက်ဆိုးတွေ မက်လို့ ၊ဒီမနက်ကျောင်းသွားဖို့စိတ်မပါဘူးဖြစ်နေတယ်"
"အဲ့တာဆို ဒီနေ့ အပါကြီး အလုပ်မသွားဘူးပေါ့"
"ဒီတစ်နေ့တော့ နားလိုက်ပါမယ်ကွာ၊ မင်းကောင်ကို ကောင်ဆယ်လာ (counselor) ဆီ ပို့ရအုန်းမယ်လေ"
"အော့်....အဲ့တာဆို သား သွားတော့မယ်နော် အပါကြီး၊ညနေကျမှ သားစာလာ ကူလုပ်ပေးမယ်"
"အေးအေး"

အဒီးရင်ထဲ မကောင်းပါ။စူးကျယ်အောင်သနားစရာကောင်းလှသည်။စူးကျယ်အောင်တွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ချို့ရှိနေသည်။ဒါကိုလဲ လူတိုင်းပေးသိ၍ မကောင်းဘူးဟု ဆိုကာ ၊သည်မျှသာ အဒီးကိုပေးသိထားသည်။ ဒီနေ့ စိတ်ကျန်းမာရေး အထူးကုဆီသွားလျှင် သူ စိတ်သက်သာရာ ရဖို့သာ မျှော်လင့်ပါသည်။စူးကျယ်အောင်ပြောထားပုံအရ ယခုလို အိပ်မက်ဆိုး ခြောက်လှန့်ခြင်းခံနေရသည်မှာ ငယ်စဉ်တည်းက ဟု အဒီးသိထားသည်။ဒီနေ့ ကျောင်းသွားရတာ အဒီးစိတ်မပါပါ။ စာသင်ခန်းထဲရောက်သော အခါ အတန်းမစသေးသဖြင့် အဒီး လက်နှစ်ဖက်ရှိလက်ချောင်းများကို လက်ချောင်းကြား အချင်းချင်းလျှို၍ လက်သီးဆုပ်ကာ ခုံပေါ် တင်၍ နဖူးများပါ ထိလိုက်သည်။ ထို့နောက် စူးကျယ်အောင်အတွက် သခင်ယေရှုထံ အထူးဆုတောင်း ဝတ်ပြုလိုက်သည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now