If we never met : Seven

Start from the beginning
                                    

သူနဲ့ယုံးငယ်က အစကတည်းက မသင့်တော်၊ မလျော်ကန်တဲ့သူတွေမှန်း သိပြီးသားပေမဲ့ ကြာလေရုန်းမထွက်နိုင်လေ အချစ်နွံထဲ လုံးလုံးလျားလျား နစ်မြုပ်သွားပြီးတဲ့သူက တွဲထားရတဲ့လက်ကလေးကို လွတ်မချချင်နေတာ။

ပျော်ရသည်မဟုတ်ပေမဲ့ ဒီတစ်ဖက်သတ်ဆန်တဲ့ တွဲလက်ကလေးကို မြဲစေချင်တာ။

ယုံးငယ်ကလွတ်လွတ်ချသွားတဲ့ တွဲလက်ကလေးပေမဲ့ လိုအပ်လာလျှင် ယုံးငယ်ကိုယ်တိုင် အပြေးလေးလာတွဲတဲ့ တွဲလက်ကလေးလည်း ဖြစ်နေပြန်တော့ ဒီနေရာလေးမှာ ဒီအနေအထားလေးအတိုင်း ယုံးငယ်လိုလာလျှင် လာတွဲမှာကို စောင့်နေချင်တဲ့ တွဲလက်လေးတစ်ဖက်ဖြစ်နေတော့တာ အမှတ်မရှိစွာ. .။

လောဘရှိတဲ့လူသားပေမို့ တဖြည်းဖြည်းတက်လာတဲ့လောဘတွေကြား သူကလိုသုံးလေးဖြစ်ရလည်း ယုံးငယ်လက်ကို တွဲထားချင်တော့တာ တစ်သက်လုံး။

တိုးတက်လာတဲ့အခြေအနေကြားမှာ ပိုင်သူဆိုင်သူမဟုတ်တောင် ခပ်အိအိပါးလေးကို နမ်းရှိုက်ခွင့်အား တစ်သက်လုံးလိုချင်လာတော့တာလေ။

ဒီလိုတက်လာတဲ့လောဘတွေကြား ကောင်မလေးတစ်ယောက်လက်ကို တွဲထားတဲ့ယုံးငယ်နောက်ကနေ သူကမျှော်ငေးရင်းကို လိုက်နေတော့တာ။

ပင်ပန်းနေလည်း ၊ မပိုင်ဆိုင်ရမှန်းသိနေလည်း သူကဒီလိုမျိုး လွတ်မချလိုက်ချင်ပါဘူး။

"ရိုးရိုးရှင်းရှင်းနဲ့ အယဥ်ကျေးဆုံးပြောရရင် အန်ကယ့်စကားတွေကို သဘောမတူနိုင်လို့ ကျွန်တော်က တောင်းပန်ပါတယ်"

ဖိုင်ကိုပိတ်ချလိုက်ပြီး သူ့ကိုသေချာကြည့်လာတဲ့ လှောင်ရိပ်တွေနှင့်မျက်လုံးတွေကို တည့်စိုင်မကြည့်နိုင်တဲ့သူ. .။

"မင်းကမိဘမဲ့နော်"

လှောင်ပြုံးတွေ. .

ထပ်ပြီးဦးတည် ပြောလာမဲ့စကားတွေကို သူကကြိုသိနေခဲ့ပြန်သည်။

"လိုချင်တာပိုက်ဆံလား. .အန်ကယ်သားနားက ခွာမယ်ဆို မင်းလိုချင်တာထက် ပိုတဲ့စည်းစိမ်ကို ပေးမှာမလို့ အလိုက်တသိခွာပေးမလား အန်ကယ့်သားနားကနေလေ"

If we never metWhere stories live. Discover now