မ‌ေတွ့ချင်ဘူး သူ့ကို ဖျက်ဆီးပစ်မယ့် သူ့ရဲ့ အိမ်မက်ဆိုးတွေ  ကြောက်လန့်တကြား ပြေးမိပြေးရာ ပြေးလာခဲ့‌တာ
ကြောင့် သူ ဘယ်နေရာတွေရောက်နေပြီလဲ မသိတော့ပေ

"Kim Doyoung"

အနောက်က ခေါ်သံသဲ့သဲ့ကို ကြားတော့ သူရဲ့ခြေလှမ်း
တွေကို ထပ်ပြီး အရှိန်မြှင့် လိုက်ပေမယ့် လက်မောင်းက
နေ ဆောင့်ဆွဲ ခံလိုက်ရသည်

"ငါ့ကို လွှတ်ပေး"

"ကျွန်တော် ပါ ကျွန်တော် Jaehyun  ကျွန်တော့်ကို
ကြည့်ပါဦး "

ချွေးတွေနဲ့ သူ့မျက်နှာကို အတင်းဆွဲမော့နေတဲ့ ကောင်
လေးရဲ့ မျက်နှာကို သေချာမြင်မှ သူ့ရဲ့ စိတ်တွေက
ပိုလို့ အားနည်းလာသလိုပဲ

*ငိုလို့ မဖြစ်ဘူး*

"အိမ်ပြန်ချင်တယ် "

"အင်း လိုက်ခဲ့ "

" ဒီနေရာက ဘယ်နေရာလဲ သာ ငါ့ကိုပြောပေး"

"ဒီမှာ ခနစောင့်နေ "

ခနလို့ပြောတဲ့ အတိုင်း တကယ်ကို ခန ပဲ အချိန်ယူကာ
ကားတစ်စီးနဲ့ သူ‌့ရှေ့ ရောက်လာခဲ့သည်

"လိုက်ပို့ပေးမယ်"

"မလိုတော့ဘူး"

"လမ်း လည်း မမှတ်မိပဲနဲ့ ခုက ဘယ်ကို သွားဖို့ ပြင်
နေတာလဲ "

"ငါ့ကို လွှတ်ထားလိုက်တော့ ခုနကအတွက် ကျေးဇူးပဲ "

ဇွတ်ပဲ လျှောက်သွားနေတဲ့ လူကြောင့် Jaehyun က
ကားပေါ်က ဆင်းကာ အတင်းဆွဲခေါ်ဖို့ပဲ ဆုံးဖြတ်လိုက်
သည် သူ Doyoung ကိုနားလည်ပါတယ် ကိုယ်
မသိတဲ့ သူစိမ်းတစ်ယောက်ကို အားကိုးနေရတာမျိုး
မှီခိုနေရတာမျိုးကို Doyoung ရဲ့မာနက လက်မခံတာ
သူသိတယ် ဒါပေမယ့် Doyoung လိုအပ်နေတဲ့
အချိန်မှာ ရှိပေးချင်တဲ့ လူတစ်ယောက် ဖြစ်ချင်တာကိုလည်း
Jaehyun လက်မလျှော့နိုင်ဘူး Doyoung က
ခေါင်းမာတဲ့ လူတစ်ယောက်ဆို Jaehyun က သူ့ထက်
ဆယ်ဆ ခေါင်းမာ တဲ့ လူတစ်ယောက်ပင်ဖြစ်လိမ့်မယ်

သူ့အတွေးနဲ့ သူပေမယ့် ရုတ်တရက် ပြန်လှည့်လာကာ
သူ့ဆီပြန်လာနေတဲ့ သူကို တွေ့ရ၏

"အခွင့်အရေးရှိသေးလားး လိုက်ပို့ချင်တဲ့နေရာထိ လိုက်
ပို့ ပေးလို့ရတယ် ဒီနေရာမဟုတ်ရင်ပြီးရော "

𝗢𝗻𝗹𝘆 𝘆𝗼𝘂Where stories live. Discover now