Part 1

17K 661 20
                                    

Unicode

မော်ဒယ်မြင့်ကားအနက်လေးတစ်စီးထဲတွင် မောင်းသူနေရာယူထားသည့် ဖေဖေသည်နောက်အခန်းတွင်ထိုင်နေသည့် သားနှစ်ယောက်ကို တစ်ခါတစ်ခါကားနောက်ကြည့်မှန်မှတစ်ဆင့်ကြည့်ကြည့်နေ၏။ ကျောင်းကအပြန်သားနှစ်ယောက်ငြိမ်နေတယ်မဟုတ်လား။ ဒီနှစ်ကောင်ငြိမ်နေရင်ပြဿနာတစ်ခုခုရှာတတ်တာကြောင့် နည်းနည်းကြောက်ရသည်။ Grade 2 ရောက်နေပြီဖြစ်သည့်သားနှစ်ယောက်သည် international ကျောင်းတစ်ကျောင်း၏ ကျောင်းဝတ်စုံကိုဝတ်ထား၏။ ဘောင်းဘီအညိုရောင်အရှည်လေးတွေနဲ့ရှပ်အင်္ကျီအဖြူလက်တိုကို necktie လိုကြိုးကနီညိုရောင်လေးနဲ့ဖြစ်သည်။ သားကြီးသည် သူနဲ့အတူတူမျက်လုံးနက်နက်လေးဖြစ်ပြီး baby နဲ့တူတော့ တည်တည်ကြည်ကြည်လေးဖြစ်၏။ သားငယ်ကြတော့ ပင်ကိုယ်ဆံပင်အညိုရောင်လေးနဲ့ဖြစ်ကာ သူနဲ့တူတာဖြစ်ပြီး ထိန်းလို့မနိုင်။ ၅ ရက်သာကွာသည့် သားနှစ်ယောက်သည်အိမ်တွင်လည်းမျောက်လောင်းတွေလိုပင်။ သူတို့အတွက် ခြံထဲအိမ်မကြီးနောက်ဖက် နေရာအလွတ်တွေမှာ ပေ ၅၀ ပတ်လည်မြေကြီးအတိုင်းထားပြီး ကျန်တဲ့နေရာတွေကို ခင်းကာအမိုးလုပ်ပေးထားရသည်။ ဆိုင်ကယ်၊ ဆိုင်ကယ် မို့လို့ ကား၊ ကားမို့လို့ လူကောင်နည်းနည်းကြီးတာနဲ့ လဲပေးရသေးတာဖြစ်သည်။ ၃ နှစ်အရွယ်တုန်းကဝယ်ပေးထားသည့် ဆိုင်ကယ်နဲ့ကားဆိုရင် ၄နှစ်ထဲဝင်တာနဲ့ အသစ်လဲပေးရသည်။ ကားထဲဝင်ထိုင်ရတာကြပ်တယ်၊ ဆိုင်ကယ်က အရပ်ထက်နိမ့်သွားပြီ ဖေဖေ အစရှိသဖြင့် တစ်နေ့တစ်မျိုးမရိုးအောင် ပူဆာတက်ကြသေးတာဖြစ်၏။

အခုလဲကျောင်းကိုသွားကြိုပြီး ကားထဲဝင်ထိုင်လာထဲက ငြိမ်နေကြတာဖြစ်သည်။ ကားထဲမှာ နှစ်ကောင်သားဖောက်စားနေတဲ့ မုန့်အသံတွေကလွဲလို့ ငြိမ်နေကြ၏။ ဒါက ပုံမှန်မဟုတ်။ ရှေ့ရက်တွေသွားကြိုရင်များ ကားထဲဝင်တာနှင့် ဖေဖေ၊ ဖေဖေ နှင့် နှစ်ကောင်သား ခေါ်ကာ စကားကိုလုပြောသေးတာဖြစ်သည်။ အနေအေးသည့် သားကြီးက သူ့ညီကိုလာတွန်းလို့ဟုဆိုကာ ရိုက်လိုက်တုန်းက ဒီလိုငြိမ်နေတာသိနေသည့် သူ့အတွက် အခုလဲ တစ်ခုခုဖြစ်လာတယ်ဆိုတာသေချာသည်။ အဲ့တုန်းကလဲ ကလေးချင်းစရင်းတွန်းလိုက်မိတာဖြစ်ပြီး နောက်ကိုလက်ထောက်ကာ လဲသွားတဲ့သူ့ညီကိုထူကာ တွန်းလိုက်တဲ့ကောင်လေးအား ကွန်ပါဘူးနှင့်သွားခေါက်တာဖြစ်သည်။ ဘာဖြစ်လာလဲ ဘယ်သူမှပြန်မပြော။ သူတို့လည်းမပြောသလို ဆရာတွေလည်း ပြန်ပြောတာမရှိ။ အကြောင်းရင်းသည် ကျောင်းမှာဒီနှစ်ကောင်ကို ကြောက်တဲ့သူကများတာကြောင်ဖြစ်၏။

Love is everything (Complete) Uni & ZawgyiWhere stories live. Discover now