"သားလေး ကြီးကြီးလေ သားရဲ့ကြီးကြီးလေ"

ကြီးကြီးက အမောင့်လက်ကိုကိုင်ကာ မျက်ရည်များပြည့်လျှံလျက်ပြောလာသည်။

"လွန်း ဒီလိုကြီးမနောက်ပါနဲ့လွန်းရယ်။ကိုယ်မှားပါတယ် ကိုယ်တောင်းပန်ပါတယ်။လွန်း စနေတာမလားဟင်။စနေတာလို့ပြောပါလွန်းရယ်။ဒီလိုကြီးတော့ ကိုယ့်ကို မစပါနဲ့"

သူ့လက်ကိုကိုင်ကာ ငိုပြီးပြောနေသော ထိုလူအား သူနားမလည်နိုင်ပါ။ထိုလူကိုလည်းသူမသိပါ။သူ့ကိုယ်သူလည်း သူမသိတော့။ထိုလူ့ဘက်က ငိုနေရင်းစကားဆက်လာသည်။

"လွန်း သူက‌ မဟာသွေးလေ။ကိုယ်က လွန်းကိုနမ်းလို့ဆိုပြီး ကိုယ်နဲ့ရန်ဖြစ်ကြသေးတာလေ။ပြီးတော့ သူက သုတမင်းနောင်လေ။လွန်းက သုတကိုအရမ်းခင်တာမလား။ကိုသုတဆိုပြီးခေါ်နေကျလေ။သုတ ဒါကမင်း ညီလေးဖြစ်ရင်ကောင်းမှာပဲလို့ပြောနေတဲ့ လွန်းလေ။ငါက အရမ်းမြတ်နိုးရတဲ့ လွန်းလေ"

တစ်ယောက်စီမိတ်ဆက်ပေးနေရင်း သုတကိုပါ ဆက်၍ပြောလာသည်။တကယ်မခံစားနိုင်တော့။ဘာလို့လဲ ဘာလို့သူ့ကိုမှရက်စက်တာလဲ။သူသာ မအော်မိရင် လွန်းဒီလိုဖြစ်မှာမဟုတ်။အန်တီလေးအစား လွန်းကိုသာယုံကြည်ပေးခဲ့ရင် လွန်း...လွန်း ဒီလိုဖြစ်မှာမဟုတ်ဘူး။

"လွန်း....ကိုယ် လွန်းကိုဆည်းဆာလျှောက်လမ်းမှာ သီချင်းဆိုပြဖူးတယ်လေ။ပြီးတော့ ကိုယ်တို့ ဘုရားမှာ နေကြာတွေကပ်ဖူးတယ်လေလွန်းရဲ့...ပြီးတော့...ပြီးတော့လေ..."

"ဆရာ စိတ်ကိုထိန်းပါဦးဗျာ။ဆရာအခုလိုလုပ်နေရင် အမောင်ပြန်ပြီးနေကောင်းမလာခင် ဆရာအရင်ရူးသွားလိမ့်မယ်"

              သတိရလိုရငြား memories recallခေါ်ပေးနေသော်လည်း အမောင်က တုတ်တုတ်မျှမလှုပ်ပါ။ကြာရင် သူရူးလိမ့်မည်။

"ဒေါက်တာလာပြီ"

မဟာ့အသံကြောင့် အဂ္ဂက၀င်လာသည့် ဒေါက်တာအနီးသို့ ရှူးရှူးရှားရှားဖြင့် ဒေါသတကြီးရောက်သွားပြီး ဆရာ၀န်၏ကော်လံစကိုဆုပ်ကိုင်ထားသည်။

"ခင်ဗျား သူ့ကိုရအောင်ပြန်ကုပေး။သူအခု ဘာကိုမှမမှတ်မိတော့ဘူး သူ့ကိုရအောင်ပြန်ကုပေး။အရင်တုန်းက လွန်းကိုပြန်ခေါ်ပေးလို့။ တောင်းပန်ပါတယ်ဗျာ...ကျွန်တော်တောင်းပန်ပါတယ် အရင်က လွန်းငယ်လေးကိုပြန်ခေါ်ပေးကြပါ"

ချစ်ခြင်းတည်စေWhere stories live. Discover now