(၁)

83 8 2
                                    

သီချင်းနားထောင်ပြီးဖတ်ပေးပါနော်😚

သို့
     ချစ်ရပါသောကောင်လေး
     ချစ်ရတဲ့အကြောင်းတွေကို လူကိုယ်တိုင် တွေ့ပြီးဖွင့်ပြောချင်ပေမဲ့ မင်းနဲ့မျက်နှာချင်း
ဆိုင်ရမှာမဝံ့မရဲဖြစ်နေတဲ့ကိုယ့်ကိုယ်ကိုလဲ
အနည်းငယ်တော့မုန်းမိသား။ကိုယ်ရှည်ရှည် ဝေးဝေးကြီးရေးမနေတော့ဘူးကွာ ကိုယ်မင်းကိုအရမ်းချစ်တယ်ဆိုဆိုတဲ့အကြောင်းလေးကိုမြန်မြန် ဆန်ဆန်ပြောချင်နေပြီမလို့။မင်းနဲ့စတွေ့တဲ့နေ့အပြာရောင်hoodieလေးထဲမြုပ်ဝင် နေတဲ့မင်းရဲ့ခန္ဓာကိုယ်သေးသေးလေးရယ် ဝယ်လာတဲ့ရေခဲမုန့်လေးအောက်ပြုတ်ကျသွားလို့ဆူပုတ်နေတဲ့မင်းရဲ့မျက်နှာလေးရယ်
နှုတ်ခမ်းဖူးဖူးလေးကနေပြီးတော့ပွစိပွစိပြောနေတဲ့နှုတ်ခမ်းလေးရယ်ကကိုယ့်ရဲ့နှလုံးသားတံခါးလေးကိုခေါက်သွားခဲ့တယ် အဲ့နေ့ကစလို့ မင်းရဲ့အကြောင်းတွေ မင်းဘာကြိုက်တတ်
တယ် မင်းဘယ်တွေသွားတတ်တယ်ဆိုတာ
ကိုယ်ရအောင်စုံစမ်းပြီး
မင်းနောက်ကိုအရိပ်လိုအမြဲလိုက်နေတာမင်းသတိရောထားမိရဲ့လား။ကဲဒါတွေထားပါ
ကိုယ့်ရင်ထဲမှာဖြစ်ပေါ်နေတဲ့မင်းနဲ့ပတ်သက် တဲ့ခံစားချက်လေးကိုမင်းသိလိုက်ရပြီမလို့
ကိုယ်ကျေနပ်တယ်။ဒီတော့စာလေးကို ကိုယ်ဒီမှာပဲအဆုံးသတ်လိုက်တော့မယ်။
                                   ချစ်ရတဲ့ ဂျီမင်းလေး💛

"ဘယ်သူကြီးလဲဟ စောစောစီးစီး"
အမည်မသိတဲ့စာတစ်စောင်ကိုဖတ်ပြီးအမှိုက် ပုံးထဲကိုလွှင့်ပစ်လိုက်သည်။

အဝေးကနေသူ့စာကိုဖတ်မဖတ်စောင့်ကြည့်နေတဲ့ ကောင်လေးနဲ့သူ့ရဲ့သူငယ်ချင်းတွေ

"ဟျောင့် မင်းစာကိုအမှိုက်ပုံးထဲလွှင့်ပစ်လိုက် ပြီ"

"အေးကွာ ငါ့ကိုစိတ်မဝင်စားဘူးနဲ့တူပါတယ်"

"စိတ်ဓာတ်ကျမနေပါနဲ့ကွာ ငါတို့တွေထပ် ကြိုးစားကြည့်တာပေါ့"

"နေပါစေ သူမှသဘောမကျတာငါ့ကြောင့်
စိတ်အနှောင့်ယှက်ဖြစ်နေပါအုံးမယ်"

"မင်းယောက်ျားမလား ဘာလို့ဒီလောက်လေးနဲ့လက်လျှော့လိုက်မှာလဲ ဆက်လိုက်စမ်းပါကွာငါတို့ကောင်တွေမင်းကိုကူညီဖို့အဆင်သင့်ပဲ ဟုတ်တယ်မလားနမ်ဂျွန်း"

ချစ်ခွင့်လေးWhere stories live. Discover now