Part-1

327 7 2
                                        

uni

"ဘုန်းမြတ်ညီ....”ကျွန်တော်ခေါ်လိုက်တော့ သူက "အင်း”လို့ ခပ်သာသာထူးတယ်။ သူက ကျွန်တော်ရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ တစ်ဖက်သတ်ချစ်ရသူပေါ့။ သူကတော့ သိမယ်မထင်ပါဘူး..သိလည်း မသိစေချင်ဘူး။ သူ့ကို ကြိုက်နေတာသာ သိသွားရင် ဒီဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ မတွေးရဲဘူး..ဒါပေမယ့် သူက Gayတစ်ယောက်ဖြစ်နေရင်ရော? မတွေးကြည့်ရဲပါဘူး...။

"ဘာလဲ မပြောဘူးလား?”

ကျွန်တော်က တော်ရုံနဲ့ စကားမပြန်တော့ စိတ်ဆတ်တဲ့ သူက ပြန်မေးတယ်။

"စိတ်မကြည်ဘူးလား.” ငယ်ငယ်လေးကတည်းက သူနဲ့ ပေါင်းလာတဲ့ ကျွန်တော်က သူ့မျက်နှာကို ကြည့်လိုက်တာနဲ့ သူဘာတွေးနေလဲဆိုတာ သိတတ်နေပြီ။ တွန့်ချိုးထားတဲ့ မျက်ခုံးက သိပ်ကြည့်လို့ ကောင်းတာပဲ..ဘုန်းမြတ်ညီက လူချောတစ်ယောက်ပါ။ ကျွန်တော်တို့ uniက မျက်နှာပွင့်စရာနှင်းဆီပန်းခိုင်ကြီးလေ..ဖွဖွလေးထင်းနေတဲ့ မေးရိုးက အနမ်းခြွေချင်စရာရယ်၊ မျက်ဝန်းညိုညိုတို့က မြတ်နိုးဖို့ ကောင်းလိုက်တာ။ ဆေးလိပ်ကိုင်ထားတဲ့ လက်ချောင်းတွေက ရှည်သွယ်သွယ်နဲ့ အမှန်တော့ သူဆေးလိပ်သောက်တာ ကျွန်တော်မကြိုက်ဘူးရယ်..ဒါပေမယ့် ကျွန်တော်ဘယ်လောက်ပြောပြော သူက နားမဝင်ဘူးလေ။ ခေါင်းမာလိုက်တာ ဘုန်းမြတ်ညီရယ်။

"ဟိုဘိုးတော်လေကွာ..ကျစ်! သူများအိမ်မှာ တက်နေပြီးတော့ မျက်နှာက ချေမိုးနေတာပဲ အဖေကလည်း ငါလူစိမ်းတွေနဲ့ ဓာတ်မတည့်မှန်းသိရက်နဲ့ ”

"မင်းအိမ်က အကျယ်ကြီးပဲကိုကွာ သူနဲ့ မတွေ့အောင် ရှောင်နေလိုက်” ကျွန်တော်ပြောတော့ သူက ဆံပင်ထူထူတွေထဲကို လက်ချောင်းတွေ ထိုးထည့်ပြီး ခွက်ထိုးခွက်လန်အော်ရယ်တယ်။ နားရွက်ထိ ရှည်တဲ့ ဆံပင်တွေက နဖူးပေါ်မှာ ခပ်အုပ်အုပ်ရယ်...။ မလိမ်ညာပဲ ပြောရရင် အဲ့ဒီလူ ဘုန်းမြတ်အိမ်မှာ နေတာ ကျွန်တော်လည်း မကြိုက်...ကိုယ်သဘောကျတဲ့ ယောက်ျားတစ်ယောက်အိမ်မှာ နောက်ယောက်ျားတစ်ယောက်ရှိနေတယ်? အဲဒီလူက Gayဆိုရင်ရော...ကျွန်တော် ကြောက်မိတယ်။

"ထားပါ..ဘယ်နှစ်နာရီရှိပြီလဲ?”

"လေးနာရီ”

Moss RoseWhere stories live. Discover now