အပိုင်း (၅)သူ၏မိသားစုအသစ်နှင့်တွေ့ဆုံခြင်း။

En başından başla
                                    

တူညီပြီး အေးစက်တဲ့အရှိန်အဝါရှိတဲ့ အရပ်မြင့်မြင့် လူနှစ်ယောက် ဝင်လာခဲံသည်။ တစ်ယောက်က အသက်ကြီးတာသိသာပြီး အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေအတွက် ထူးခြားတဲ့ ဆွဲဆောင်မှုရှိသလိုမျိုး ထင်ရှားနေ၏။ သူ့ကြည့်ရတာ သူ့အသက် ၄၀ လောက်မှာ ရှိပုံရသည်။ အငယ်ကောင်သည် အဘိုးကြီး၏ ကွဲထွက်ပုံနှင့်တူသည်။ သူသည် အသက် ၂၀ အစောပိုင်းတွင် ဖြစ်နိုင်သည်။ နှစ်ယောက်စလုံးက ချောမောကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီလောင်ယန်နဲ့ ဆက်စပ်နေကြောင်းကို ချက်ချင်းပြောနိုင်သည်။

နှစ်ယောက်စလုံးက လောင်ယန် ကိုကြည့်လိုက်ပြီး အေးစက်နေတဲ့ အပြင်ပန်းက ချက်ချင်း အရည်ပျော်သွားပြီး နူးညံ့ညင်သာတဲ့ အမူအရာတွေ ပြနေခဲ့ကြသည် မဟုတ်ပါလား။

"ရှောင်ယန်"

"ယံယံ။"

နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြောကာ သူ့ကုတင်ဆီသို့ ဖျတ်ခနဲ လျှောက်သွားလိုက်သည်။ လောင်ယန် မတုံ့ပြန်ခင်မှာ တံခါးက ပြန်ပွင့်လာပြီး ဒီတစ်ခါတော့ အရပ်မြင့်တဲ့ ဆယ်ကျော်သက် တစ်ယောက် ဝင်လာခဲ့၏။ သူ့မှာ တခြားနှစ်ယောက်လို ပုံစံမျိုးတော့မရှိပေ။ ဒါကြောင့် သူ့မှာ တူညီတဲ့ အသွင်အပြင်ရှိရင်တောင် သူနဲ့တူတယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါပေမယ့် သူက အရမ်းရိုင်းပြပြီး အထိန်းအကွပ်မဲ့ပုံပေါက်နေသေးသည်။ သူ့ရင်ထဲမှာ ဒေါသတွေ ပြင်းပြင်းနဲ့ ထိန်းထားသလိုပဲ။

အကျဥ်းချုပ်ပြောရလျှင် သူသည် ယခုအချိန်တွင် အတော်လေး စိတ်ဆိုးနေပုံရသည်။

"ဒါဆို မင်းတကယ်နိုးနေပြီ‌ပေါ့ ဟုတ်လား" ဆယ်ကျော်သက်က လောင်ယန်ကို မျက်လုံးကျဉ်းကျဉ်းနဲ့ ကြည့်ပြီး ပြောလာခဲ့သည်။

ထိုအခါ လောင်ယန်က သူ့ရှေ့က လူသုံးယောက်ကို ကြည့်လိုက်မိသည် ။ ဒါဆို ဒီသုံးယောက်က သူ့မိသားစုအသစ်တွေလား။

T/N- hello hello ၂ပိုင်းလာupdateပေးတယ်နော်။ နောက်ရက်တွေလည်းအားရင်အားသလို လာupdateပါမယ်နော်။ ❤️🤞

zawgyi

"ဒေါက်တာ... ငါ့နာမည်... ဘာလဲဟင်" လောင်ယန်က သူ့ကုတင်ဘေးမှာ ရပ်နေတဲ့ အသက်ကြီးကြီးနှင့် ဆရာဝန်ကို မေးလိုက်သည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူHikayelerin yaşadığı yer. Şimdi keşfedin