" အာ ဒါပေမယ့် အကုန်လုံးက စနေတယ်ပဲ ထင်နေကြတာလေ ၊ ငါပြောတာက အတိအကျ ...လုံးဝကို သေချာတယ် ။ နွေကန္တာဦးက နှိုင်းမခကို ကြိုက်နေတာ "

ထိုစကားကို ပိုးဖြူက လေသံခပ်တိုးတိုးဖြင့် ပြောခြင်းဖြစ်သည် ။

" နှိုင်းမခကရော "

လွန်း၏ မေးခွန်းကြောင့် စိမ်းလဲ့နှင့် ပိုးဖြူက လွန်းကို ကြည့်လာသည် ။ ထို့နောက် ၃ယောက်လုံး၏ အကြည့်များသည် မနီးမဝေးတွင် ရပ်နေသော နှိုင်းမခထံသို့ ရောက်ရှိသွားသည် ။

" ဒေါက်တာ နှိုင်းမခရဲ့ စိတ်က ဖတ်ရ သိပ်ခက်တယ် ၊ သူ့စိတ်ထဲ ဘာတွေ တွေးနေသလဲဆိုတာကို ငါ လုံးဝ မခန့်မှန်းတတ်ဘူး ။ "

နှိုင်းမခ၏ စိတ်ကို ခန့်မှန်း၍ မရခြင်းမှာ ပိုးဖြူတစ်ယောက်တည်း မဟုတ်မှန်းတော့ သိနေပါသည် ။

နေသူရာရော ၊ နွေကန္တာဦးရော ၊ သူမရော ။
ဤခရီးကို မည်သို့ ဆက်သွားသင့်မှန်းပင် မသိတော့ပါ ။

•••

" နွေဦးလေး အိမ်ပြန်လာတာနဲ့တင် ဒီက ဒေါက်တာနှိုင်းမခကို ကျေးဇူးတင်နေတာဗျာ ၊ အမေနဲ့ပဲ တစ်သက်လုံးနေမယ်ဆိုတဲ့ ကလေးက ဒေါက်တာ့နောက်ကို လိုက်လာတာတဲ့လေ ။ အပေါင်းအသင်းသိပ်မရှိဘူး ထင်ထားတာ ၊ ဒီမှာလည်း လပိုင်းအတွင်းမှာ သူငယ်ချင်းတွေ ရနေပြီပဲ "

" နွေက အပေါင်းအသင်းတော့ ဝင်ဆန့်တဲ့လူပါနော် ၊ တကယ်ခင်တဲ့လူပဲ များများစားစားမရှိတာ "

" အဲ့လို လူ့ကန့်လန့်လေးက ဒီတစ်သက် အိမ်ထောင်ပြုလို့ရမှာမဟုတ်ဘူး  "

" နွေ  နှိုင်းမခကို ကြိုက်တယ် ဒယ်ဒီ "

နွေကန္တာဦး၏ ဖခင်ဖြစ်သူသာမက သူမတို့ အားလုံးပါ အလန့်တကြားဖြင့် နွေကန္တာဦးကို ဝိုင်းကြည့်မိကြသည် ။ ပြတ်သားနေသော လေသံအရ နောင်တမရမည့်အလုပ်ကို လုပ်လိုက်ဟန်ပင် ။

" ကန္တာ ... "

" အာ အခုတော့ သူက ပြန်မကြိုက်သေးပေမယ့် ယူလို့ရရင် သူ့ကိုပဲ ယူမှာ ၊ ဒယ်ဒီ့ဆီက ခွင့်တောင်းတာမဟုတ်ဘူး ၊ အသိပေးရုံပဲ ။ မေမေလည်း သိတာမို့လို့ ဒယ်ဒီသဘောမတူဘူးဆိုရင် US ပဲ ပြန်တော့မယ် "

Once Upon On UsWhere stories live. Discover now