[part-2]

2.4K 227 13
                                    

*unicode*

လူတွေနဲ့ဝေးရာတစ်နေရာ..
သာမှန်လူသားတွေမတွေ့မြင်နိင်တဲ့တနေရာပေါ့ အနက်ရောင်ကြီးမားလှတဲ့ရဲတိုက်ကြီးကခြောက်ခြားဖွယ်ကောင်းနေပီးတိတ်ဆိတ်လွန်းလှသည်။

ထိုရဲတိုက်ကြီးထဲရဲ့အခန်းတခန်းတစ်နေရာမာ..
နှင်းဆီအဖြူတို့နဲ့ပြည့်နှက်နေပီးထိုထဲကခြောက်သွေ့နေတဲ့နှင်းဆီအဖြူလေးကို ကိုင်ထားကာပြုံးနေတဲ့လူတယောက်..
ဟင့်အင်သူကသာမှန်လူတယောက်မှမဟုတ်ပဲ..
သေဆုံးပီးသား..စေတန်ရဲ့မွေးစားခြင်းခံလိုက်ရပီးနတ်ဆိုးအဖြစ်တဖန်ပြန်လည်မွေးဖွားလာခဲ့တဲ့jeonနတ်ဆိုး..

ခြောက်သွေ့နေတဲ့နှင်းဆီအဖြူလေးကိုနမ်းရှိုက်လိုက်ပီး..

"မကြာခင်တွေ့ကြမယ် စောင့်နေပါကိုယ့်နှင်းဆီအဖြူလေး"
.
.
.
.
.
.
.
.
kimစံအိမ်တအိမ်လုံးပြာယာခက်နေကြသည်..သခင်မကြီးကလဲငိုယိုနေပီးစိတ်ဆင်းရဲနေတယ်..။

အကြောင်းအရင်းကတော့ kimစံအိမ်ရဲ့တဦးတည်းသောသား kim min junသေဆုံးသွားလို့ဖြစ်သည်..

taehyungအံသြလို့မဆုံးမနေ့ကပင်အကောင်းကြီးရှိနေတဲ့သခင်လေးကဒီနေ့မနက်min junအခန်းထဲမာတကိုယ်လုံးသွေးမရှိတော့သလိုပြာနှမ်းပီးမျက်လုံးများလဲကျွတ်ကျမတတ်ပြူးထွက်နေပီးပါးစပ်မာလဲအဖြဲခံထားရသည်အလောင်းကလဲပုပ်ပွနေပီးအနံ့ဆိုးများတထောင်းထောင်းထွက်လျှက်ပင်တွေ့ခဲ့ရတယ်။

အလောင်းဟာတရက်ပဲရှိပါသေးလျက်နဲ့နှစ်နဲ့ချီပီးပုပ်နေသလိုအနံ့တို့ကဆိုးဝါးလှသည် ဒါကိုစစ်ဆေးနေတဲ့ရဲတွေကတောင်အော့အန်တဲ့အထိ

ဟုတ်သည် taehyungမနေ့ညကဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကိုမမှတ်မိတော့..min junလဲကျစဥ်ကtaehyungအခန်းထဲမာဖြစ်ပေမဲ့ဒီနေ့မနက်မာသူ့အခန်းထဲသူပြန်ရောက်နေခဲ့တာ..။

ထိုအဖြစ်အပျက်များမဖြစ်ခင်မာkim ye eun ကုန်တိုက်မာပစ္စည်းတွေဝင်ဝယ်ပီးအပြန်ကားပါကင်မာအဖွားအိုတယောက်၏သတိပေးစကားတို့ကိုဒီတိုင်းလစ်လျှူရှုခဲ့တယ်

kim ye eunကျော့ကျော့မော့မော့နဲ့ကားတံခါးကိုဆွဲဖွင့်မယ်အလုပ်လက်ကိုလာလှမ်းဆွဲနဲ့အဖွားကြီးတယောက်ကြောင့်လန့်သွားရသည်။

MANIAC//KV [complete]Where stories live. Discover now