ကိုယ့်ချစ်ခြင်းမေတ္တာလေး❤️

514 108 24
                                    

Unicode ~~~

အချစ်ဟာအချစ်ပါပဲဆိုပြီးပြောကြတဲ့လူတွေဟာ ဘယ်လိုတွေးခေါ်ကြလဲတော့မဘူး။ဒီဂျွန်ဂျောင်ကုအတွက် တော့အချစ်ဆိုတာ~ကင်မ်ဆော့ဂျင်ပဲ။

****BoyFriend No.2****

စာသင်ချိန်တချို့ပြီးသွားတဲ့နောက် Canteen သို့တရွေ့ရွေ့ထွက်ခွါသွားကြတဲ့ ကျောင်းသား/ကျောင်းသူတချို့။ထိုလူတချို့ထဲတွင် canteenရောက်ရင်ဘာစားရမလဲ တိုင်ပင်နေကြတဲ့ ကောင်လေးတချို့ရှိခဲ့သည်။

"JungKook Ah~~ငါတို့ဒီနေ့ဘာစားကြမလဲ?"

ဒီလိုမေးတဲ့အသံလေးကြားတော့ပျော်မိသည်။ထိုကောင်လေးသည် ဘယ်အရာမဆိုသူ့အပေါ်မှီခိုတတ်သည်ဟုယူဆသောကြောင့်ပင်။

"မနေ့က သုံးထပ်သားစားတယ်ဆိုတော့ ဒီနေ့ ကြက်သားအစပ်ချက် စားမလား~~Jin ဘယ်လိုသဘောရလဲ?"

"အာရီဂူး~~ငါ့ရဲ့JungKook လေး အတော်ဆုံးပဲ။အဲ့တာပဲစားမယ်။"

ပြုံးရွှင်နေတဲ့မျက်နှာလေးကြောင့် ရင်ထဲမှာ အူလှိုက်သည်းလှိုက် ကြည်နူးမိသည်။ငါ့ရဲ့JungKook လေးဆိုတဲ့အသုံးအနှုန်းမှာ ဘယ်လောက်ကျရှုံးမိသွားလဲ ကိုယ့်ကိုကိုယ်သာအသိဆုံး။

ပြောပြခွင့်ရှိမယ်ဆိုပြောပြချင်ပါရဲ့ ကင်မ်ဆော့ဂျင်ရဲ့ အပြုအမူတွေကို ဘယ်လောက်အသည်းယားမိကြောင်းနဲ့ ဘယ်လောက်ထိ ဒီကောင်ဂျွန်ဂျောင်ကုက ချစ်ရကြောင်းတွေ။

"ဟေ့ကောင် ဂျောင်ကု~~ငါအစပ်မစားနိုင်ဘူးလေ~"

ကြည်နူးနေပါတယ်ဆို သူကဖျက်ပီ။တခြားတော့မဟုတ် ဂျောင်ဟိုဆော့ပေါ့။သူမစားနိုင်ရင် တခြားမှာစားပေါ့။ကန်တင်းမှာ ကြက်သားအစပ် တမျိုးထဲရတာကျလို့။

"မင်းမစားနိုင်ရင် တခြားဟင်းတွေရှိတာပဲ မှာစားပေါ့။"

ဂျွန်ဂျောင်ကုဟာ ထိုကဲ့သို့သောလူမျိုးပင်။ကင်မ်ဆော့ဂျင်ကလွဲရင် ဘယ်သူ့အပေါ်မှာမှ မချိုသာတတ်။

"ဒါပေမဲ့ ငါတယောက်ထဲခွဲထွက်နေမှာပေါ့။"

"မင်ယွန်ဂီ ဘယ်ရောက်နေလဲ။သူနဲ့စားလေကွာ~"

"သူက အိပ်ချင်လို့တဲ့ ဘက်စ်စကတ်ဘောကွင်းက စတိုခန်းမှာ ခဏသွားအိပ်တယ်။"

Boyfriend No.2Where stories live. Discover now