မြို့တော်သို့ပြန်ရစဉ်(Z+U)

441 71 6
                                    

(Zawgyi)

အပြန်တွင်တော့ ဒေဝီသည် ကြီးတော်လှနှင့်အတူ ရွာလယ်လမ်းအတိုင်း ခြေခြင်လမ်းလျှောက်၍သာ ပြန်လာခဲ့ကြသည်။လမ်းခုလတ်တစ်နေရာ လူပြတ်သည့် နေရာအရောက်တွင် ကြီးတော်လှက ဘေးဘီသို့ တစ်ချက်ဝှေ့ကြည့်လိုက်ပြီး ဒေဝီနံပါးသို့ အသာကပ်ကာ အဆီအငေါ်မတည့်လှသည့် အမေးတစ်ခုကို ကောက်ကာငင်ကာထမေးလေ၏။

"မလေးခင် ထိုအကြော်သည်လုံမပျိုကို အဘယ်သို့သော စိတ်အထွေတွေကြောင့် ဤမျှလောက် ကောင်းပေးနေတာများလဲ"

"မယ်မင်းအမြင်မှာ အခင်က လူထူးဆန်းတစ်ယောက်လိုများဖြစ်နေလေရော့သလား"

"အမှန်ပါပဲမလေးခင်၊ဒေဝီခင်ဆိုသည့် မျက်မာန်ကြီးလှပါတဲ့ အမျိုးသမီးက ထိုလုံမအတွက် ပြုံးပြနိုင်သလို၊အပြစ်မယူတာကိုလည်း ကြီးတော်အံ့သြမိပါရဲ့"

"မယ်မင်း မျက်လုံးတွေ ကန်းများသွားလေသလား၊အသက်ကြီးလာလို့ နားတွေလည်း ပင်းလာတယ်ထင်ပါ့၊မယ်မင်းအရှေ့တင်ပဲ သူမကို ပြစ်ဒဏ်ပေးခဲ့တာကို မြင်တွေ့ကြားသိခဲ့ပါလျှက် အခုမယ်မင်းနှုတ်က ဘယ်လိုစကားတွေ ပြောထွက်နေရတာလဲ"

"သူမကို ပေးခဲ့တဲ့ ပြစ်ဒဏ်ဟာလည်း၊ပြစ်ဒဏ်လို့တောင်ပြောပလို့ မရတဲ့ အနေအထားမှာ ရှိမှန်း ကြီးတော်လှသိပါရဲ့ မလေးခင်၊ပြစ်ဒဏ်ဟူသည့် ခေါင်းစဉ်တပ်ကာ သူမကို.."

"တိတ်စမ်း မယ်မင်း"

ဖြန်း!!!

ဒေဝီရဲ့နူးညံ့သည့် လက်ဖဝါးနုနုဟာ ကြီးတော်လှရဲ့ပါးပြင်ပေါ် ကြမ်းတမ်းစွာ ကျရောက်ခဲ့လေပြီ။ပူထူကြိမ်းစပ်သွားသော ပါးပြင်နှင့်အတူ တပတ်လည်ရင်းမြေပြင်ပေါ်လဲကျသွားသည့် ကြီးတော်လှမှာ ဒေဝီ့ဒေါသကို ဆွခဲ့မိပြီဖြစ်ကြောင်း သဘောပေါက်သွား၍ သွေးပျက်ကာ မျက်နှာများပင်ဖြူဖက်လာ၏။ထိုနောက်နာနေသည့်ဒဏ်များကိုပင် အမှုမထားနိုင်ဘဲ ချက်ချင်းဆိုသလို လဲကျနေရာမှ ထပြီး ဒေဝီ့ခြေရင်းမှာ အလျှင်အမြန် ဒူးတုပ်ထိုင်ကာလက်အုပ်ချီရင်း ခေါင်းကိုသာ ငုံနေတော့သည်။

"ခွေးကလေးများ အရောဝင် နှုတ်ခမ်းပါးနားလျှက်တယ်"ဆိုတဲ့ စကားပုံလိုပဲ မယ်မင်းဟာ အခင့်ရဲ့ နူးညံ့ကြင်နာမှုတွေနှင့် မထိုက်တန်လေဘူး၊အခုများတော့ဖြင့် ရောင့်တက်ပြီး သခင်ဖြစ်တဲ့ အခင့်ကိုတောင် တဖန်ပြန်ပြီး စော်ကားတက်နေပါကောလား။လူ့ဘဝကြီးကို သည့်ကနေ့ သည်အချိန်ထိပဲ နေချင်ပုံရတယ်,ဟုတ်စ မယ်မင်း"

နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)Where stories live. Discover now