အရှင့်ရဲ့လေသံကအေးစက်နေပြီး ကောင်းတဲ့ကိစ္စများဖြစ်လာစရာ အကြောင်းမရှိတော့ပင်။
ရှောင်းကျန့်ပင်အနည်းငယ်ထိတ်လန့်နေပြီး သူ့မိဘတွေအတွက် အနည်းငယ်စိုးရိမ်သွားရသည်။ နောက်တော့ ထိုအတွေးတွေကို မောင်းထုတ်လိုက်ပြီး သူတို့နဲ့ထိုက်တန်တဲ့အပြစ်တွေကိုပြန်ဆပ်ရမည်။ ဒါကဓမ္မတာပင်။

"ရှောင်း ထုံနန်းတော်ရဲ့ တည်ဆောက်ပုံကို ယောသိအစီအရင်နဲ့ဟုတ်တယ်မဟုတ်လား"

"မှန်လှပါအရှင်"

"အဟွန့် ထုံဘုရင် ဒီလောက်တောင် သီလသမာဓိနဲ့ပြည့်စုံမှတော့ ငါကိုယ်တော်က နဂါးသွေးကိုဆုချလိုက်မယ် ကိုယ်ရံတော်တပ်မှူး ထုံပြည်မှာရှိတဲ့ လူယုံတွေကို နဂါးသွေးပို့ပေးလိုက် ယောသိအစီရင်နဲ့ နဂါးသွေးတွေ့ရင် ဘယ်လိုတောင်အံ့သြစရာတွေဖြစ်လာမလဲ"

ရှောင်းကျန့်ပင်အနည်းငယ် အံ့သြသွားရသည်။ ဒါကဘယ်လိုရက်စက်မှုမျိုးလဲ။ ယောသိအစီရင်ဆိုတာဟာ အင်မတန်မြင့်မြတ်တဲ့အစီရင်မျိုးဖြစ်သည်။ ထုံဘုရင်အဆက်ဆက်ဟာ မိမိကိုယ်ကိုသွေးကြီးကြသူများဖြစ်သည်။ ယောသိအစီရင်ဟာ မြင့်မြတ်တာကြောင့် အစီအရင်ကိုအုပ်ချုပ်သူဟာ သီလသမာဓိနဲ့ပြည့်စုံသူမျိုးဖြစ်ရမည်။ တိုင်းပြည်ကိုမေတ္တာတရားနဲ့အုပ်ချုပ်သူမျိုးဖြစ်ရမည်။ ထိုသို့မှမဟုတ်ရင် ယောသိအစီရင်ဟာ အသက်ဝင်ပြီးအုပ်ချူပ်သူကို ပြင်းထန်စွာ အပြစ်ပေးလိမ့်မည်။

သို့သော် ဒါဟာ စကားသက်သက်သာ အသက်မဝင်နေတဲ့ အစီအရင်ဟာ ဘယ်လိုမှအပြစ်မပေးနိုင်ပေ။ နဂါးသွေးကသာ ထိုအစီအရင်ကို အသက်သွင်းနိုင်မည်ဖြစ်သည်။ ဒါကြောင့် အရှင်က နဂါးသွေးကိုချီးမြှင့်ပြီး အစီအရင်ကိုအသက်ဝင်စေခြင်းဖြစ်သည်။ ဒါဆိုရင် ထုံဘုရင်လင်မယားဟာ တိုင်းပြည်အတွင်းကိုဝင်နိုင်ဖို့အရေးပက်မသေချာတော့ပေ။ ဒါဟာ သူတို့အပေါ်ကြီးမားတဲ့သက်ရောက်မှုဖြစ်စေလိမ့်မည်။

ဒေါသအလျောက်တုံ့ပြန်တာထက် ဒီနည်းလမ်းကပိုအသုံးဝင်သည်။ သွေးနားထင်ရောက်နေသည်​ြ ထုံဘုရင်လင်မယားကတော့ အရှက်အကြီးကြီးကွဲပေရော့မည်။

You've reached the end of published parts.

⏰ Last updated: Aug 10, 2022 ⏰

Add this story to your Library to get notified about new parts!

Empress XiaoWhere stories live. Discover now