" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part-16 )

113 8 4
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

           အခန်း ( ၁၆ )

        အိမ်ကြီးထဲ၏ တစ်နေရာတွင်တော့ လှပလွန်းပြီး မြန်မာဆန်တဲ့ ကနုတ်လက်ရာလေးတွေနဲ့ ပုံဖော်ထားသော ခုံကြီးပေါ်တွင် ကောင်းညို့မာန်၏ မိခင်ဖြစ်သူရဲ့ ဓာတ်ပုံလေးကို ထောင်ထားလေသည်။ နေရာပေးကာ သေချာပြင်ဆင်ထားပုံအရ ကောင်းရဲ့မေမေဟာ အတော်လေး အရေးပါပြီ အလေးပေးခံရတာ သိသာလှပါသည်။

" ကောင်းရဲ့ မေမေပုံ မဟုတ်လား "

" ဟုတ်တယ် မေမေဟာ ဘွားဘွားကြီးရဲ့ အချစ်ဆုံး သမီးပဲ "

" ကောင်း ဒီကိစ္စကို တစ်ခါမှ မပြောဖူးဘူးနော် "

" ဟုတ်တယ် မေမေကလည်း မပြောစေချင်တာ ဘာလို့ဆို မေမေက ဖေဖေနဲ့ ယူတော့ ဘွားဘွားကြီးတို့ဘက်က သဘောမကျကြဘူး အမွေဖြတ်မဟုတ်ပေမဲ့ အဆက်သွယ်ပြတ်သလိုတောင် ဖြစ်ခဲ့တာ "

" ဪ "

" ဒါပေမဲ့ နောက်ပိုင်းတော့ ဘွားဘွားကြီး က အသက်ကြီးလာတာရော အမွေတွေ ထိန်းသိမ်းလက်ခံစေချင်တာရောကြောင့် မေမေကို ပြန်လက်ခံခဲ့တယ် "

" အင်း "

" ဒါပေမဲ့ အဲအချိန်လေး ရောက်ပြီး မကြာခင်မှာပဲ မေမေ ဆုံးပါးခဲ့ရတယ် "

      ကောင်းညို့မာန်တစ်ယောက် ပြောနေရင်း မျက်လေးက တွဲလွဲခိုဆင်းလာသည်။

" ကောင်းရာ ဝမ်းမနည်းနေပါနဲ့တော့နော်ကောင်း ကောင်းက ကောင်းမေမေကို အရမ်းချစ်တာ ကိုယ်သိပါတယ် "

" ကောင်းဝမ်းနည်းတာက ‌မေမေက လုပ်ကြံခံရတာပဲ "

" ကောင်းရာ မတော်တဆ အက်ဆီးဒင့် ဖြစ်ခဲ့တာပဲ မဟုတ်လား ကောင်းဖေဖေရော ရဲဘက်ဆိုင်ရာတွေရောက အတည်ပြုခဲ့ကြပြီလေ "

" ကို ကိုမသိတာတွေ ရှိသေးတယ် ကောင်း တော်တော်လေးကို သိထားပြီးပြီ "

" ဟင် ဘာတွေသိ ..."

" ရှူး "

     ရုတ်တရက် ကောင်းညို့မာန်က နှုတ်ဆိတ်နေဖို့ သတိပေးလိုက်သည်။

" နောက် ကောင်းပြောပြမယ် အဲတာတွေအတွက်လည်း ကို့ကို ကောင်းဒီအိမ်ကိုခေါ်လာတာ "

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now