"အလုပ်တွေ ရှုပ်နေသလား ယောင်း "
မေးခွန်းသည်ထင်သလောက်တော့မရိုးရှင်းပါ။
ညဆယ်နာရီကျော်သည်အထိ
အိမ်ပြန်မရောက်သေးသော သူ့အတွက်
အခွင့်အရေးပေးခြင်းမျိုးလည်းဖြစ်နိုင်၏။
ဒါကို တိတိကျကျ
နားလည်သဘောပေါက်ပါသည်။အခေါက်ပေါင်းမနည်း ဖတ်နေမိသော
စာအား နောက်ဆုံး
တစ်ကြိမ် ဖတ်ရင်း အသက်ကိုဝဝရှူလိုက်သည်။ထို့နောက်" ၁၁ နာရီ ထက်
နောက်မကျစေဘဲ ပြန်ခဲ့ပါ့မယ် "ဟုစာတစ်ကြောင်းရိုက်နှိပ်၍ ဖုန်းစက်ပိတ်လိုက်သည်။မှုတ်ထုတ်လိုက်သည့် အခိုးအငွေ့များအတိုင်း
အဆုံးအစမရှိ
မျောလွင့်သွားမည်ဆိုလည်းကောင်း၏။တကယ်တမ်းဆို ဒီလိုမျိုး
ထိုင်နေကတည်းကအဓိပ္ပါယ်တွေ မဲ့နေတာပါ။
သူ့အတွက် ပဲ့ကိုင်ရှင်ဟာ ဘယ်သူလဲ။
သူကြုံလာရသည့် ဒုက္ခခပ်သိမ်းအားလုံးကို
မျှဝေခံစားပေးတတ်တာ ဘယ်သူလဲ။အမှား၊အမှန်ကို ဝေဖန်ပိုင်းခြားပေးရင်း
သူ့လျှောက်ခဲ့သမျှ လမ်းကြောင်းတွေအား
တည့်မတ်ပေးခဲ့သည့်
တစ်ဦးတည်းသော လမ်းပြကြယ်ဟာ
ဘယ်သူများလဲ။"ပက်ဂျီမင်း "
အမည်နာမတစ်ခုကိုထယ်ယောင်းနှုတ်က
တစ်ကိုယ်စာ
ကြားရရုံလေးရွတ်ဆိုမိသည်။အနည်းဆုံးတော့ သူ့အတွက်
ဂျီမင်း ရှိနေသေးသည်။အတွေးနဲ့တင်ရင်ဘက်ထဲရှိ အပူမီးတွေအကုန်အစင်
ငြိမ်းအေးသွားပြီးနှစ်ခြိုက်စွာပြုံးလိုက်မိသည်။သောက်လက်စ ဆေးလိပ်အား
ကျောက်တုံးတစ်ခုပေါ်
ထိုးချေ သတ်လိုက်၍ ကားပေါ်
ပြန်တက်ခဲ့သည်။
ခါတိုင်းဆိုလျှင် ဆေးလိပ်နံ့ပျောက်
စေရန် ခိုးကြောင်ခိုးဝှက်ကလေး
လူလည်ကျတတ်သော်လည်း
ယခုတော့ဖြင့် သည်အတိုင်းသာအိမ်ပြန်ဖြစ်သည်။မိုးသည် ခပ်ဖွဲဖွဲကလေးရွာနေခဲ့ပါ၏။
***
" ညစာစားပြီးလား ယောင်း "
ထယ်ယောင်းသည်ခေါင်းကိုအသာလေး
ယမ်းလိုက်၏။
မိုးစိုလာမည်ကို ခန့်မှန်းမိ၍ထင်သည်။
အိမ်ထဲဝင်ဝင်ချင်း
သဘက်တစ်ထည်ဖြင့်စောင့်နေသော
အနှီလူသားအားတွေ့လိုက်ရသည်။