"...."
"ခေါက်ဆွဲပြုတ်ပူပူလေးကို အသားကင်လေးနဲ့ တွဲစားချင်တယ်"
"...."
"နောက်ပြီး ကော်ဖီခါးခါးတခွက်"
"...."
"ဆိုင်က မဟုတ်ဘူးနော်၊ အိမ်လက်ရာစားချင်တာ"
မောင်းနေသည့်ကားကို စတီယာရင်လှည့်ပြီး တခြားလမ်းကြောင်းတစ်ခုကို ပြောင်းသွားသည့် Sehun ကြောင့် Luhan မသိမသာ ပြုံးလိုက်မိသည်။
ဒါကို Sehun လည်း မြင်ဖြစ်အောင် မြင်သွား၏။
နှစ်ယောက်သား ဘာစကားမှ ဆက်မပြောဖြစ်တော့ပဲ
အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားသည်။ နက်ပြာရောင် ပြိုင်ကားလေးကတော့ တောင်ကမ်းပါး
ကားလမ်းတလျှောက် အရှိန်တရိပ်ရိပ်ဖြင့် မောင်းနှင်
နေ၏။
ဆယ်စုနှစ်တစ်ခုကြာတောင် မပြောင်းလဲသေးတဲ့ အကျင့်တွေနဲ့ တူညီနေဆဲ ဖြစ်တဲ့ ရင်ခုန်သံဖြစ်နေရင်
အချိန်ကာလဆိုတဲ့ ယန္တရားကနေ လွတ်မြောက်ချင်တဲ့ သူတွေ ဘယ်လောက်တောင်မှ ရှိနေလိမ့်မလဲဆို
တဲ့ အတွေးတို့လည်း ဖြန့်ကျက်လျက်ဖြင့် Luhan ပင်လယ်ပြင်ကိုသာ ငေးလို့ ကြည့်နေမိပြန်၏။
#TBC
#Junxing
Unicode
"Sehunna ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"
Baekhyun ရဲ့ မေးခွန်းထက် Baekhyun ရဲ့ အသွင် အပြင်ကသာ Sehun အတွက် အာရုံစိုက်စရာဖြစ်နေခဲ့သည်။ အလောတကြီးနဲ့ စိုးရိမ်နေသည့် လေသံက သူရောက်လာခြင်း အပေါ် အံ့အားသင့်သည်ဟုတ်ပဲ သဲသောင်ပြင်ပေါ်၌ လဲကျနေ လျက် ကျောဘက်မှ မကျေမချမ်းလှမ်းကြည့်နေသည့် ဟိုမရောက်၊သည်မရောက် အဖြစ်မရှိသည့် CEO ကောင် ကိုသာ မထိခိုက်စေလို၍ ဖြစ်ကြောင်း သိနေခြင်းကSehun ၏ စိတ် ကို မကြည်မသာဖြစ်စေသည့် အဓိကအချက်ပင်။
"Hyung... ဖယ်နေ၊ ကြုံတုန်း တခါတည်း ဒီကောင် ကို ပုံစံသွင်းရမှာ၊ မဟုတ်လို့ကတော့ Hyung သူ့ အတွက် သေအောင် အလုပ်လုပ်ပေးနေလည်း အရေး စိုက်မယ့်ကောင်စားမျိုးလည်း မဟုတ်ဘူး"
Sehun ၏ မိုက်မိုက်ကန်းကန်း စကားကြောင့် ဒေါသ အမျက်ချောင်းချောင်းထွက်နေလေဟန်ရှိသည့် Park Chanyeol၏ မကျေမချမ်းမျက်နှာပေးအား မြင်တွေ့ရသည့်သကာလမို့ချိန်ကိုက်ပင်ဖြစ်သည်။ ဒီနေ့က Oh Sehun တသက်လုံးစောင့်နေခဲ့ရသည့် ဒုတိယအခိုက် အတန့်ဖြစ်လာပြီထင်၏။
YOU ARE READING
MY SHINING COMET
Romance𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla
Part 24 || Timer of escaping ||
Start from the beginning
