Part 24 || Timer of escaping ||

Start from the beginning
                                        

"ဒီလိုရင်ရော CEO Park ဘက်ကရော ဘယ်လို ဆန္ဒရှိလဲ သိချင်ပါတယ်"

ဒီအချိန်မှာတော့ Chanyeol အနေနဲ့ တုံ့ဆိုင်းခြင်း မရှိပဲ Luhan နဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် Sehun ဘက်ကို စေ့စေ့ကြည့်ပြီး Chanyeol စကားဆက်၏။

"Dr.Lu ကို ဂုဏ်သိက္ခာအရ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်လို့ ယုံကြည်ပြီး ဒီ သဘောတူညီချက်ကို အတည်ပြုလိုက်တာကြောင့် မဆိုင်တဲ့ သူတွေရဲ့ စွက်ဖက်မှုနဲ့ အချိန်နှောင့်နှေးတာမျိုး မဖြစ်ရင်အကောင်းဆုံးပါပဲ"

"စိတ်ချပါ CEO Park, ကျွန်တော်တာဝန်ယူပါတယ်"

Luhan ရဲ့ နောက်ဆုံး အဖြေမှာ Chanyeol ခေါင်းတချက်ငြိမ့်ပြီး အသိအမှတ်ပြုပေးလိုက်သည်။ထို့နောက် Baekhyun လက်ကို လွှတ်ပေးလိုက်ပြီး

"ကြားတယ်နော် Baekhyun ssi, အခုချိန်ကစလို့
မင်းက ငါ့ကို ကူညီပေးရမယ့် တာဝန်ရှိတာမလို့
ကျေးဇူးပြုပြီး ကိုယ့်တာဝန်လေး ကိုယ်သိတတ်ဖို့ တော့ မျှော်လင့်ပါရဲ့"

Chanyeol ပြောပြောဆိုဆိုဖြင့် leather coat အိတ်ကပ်ထဲမှ Remote chip ကို ထုတ်ယူ၍ သဲပြင်ပေါ်သို့ ပစ်ချလိုက်၏။ မြေပေါ်သို့ ကျသည်နှင့် ရှူးဖိနပ်ဖြင့် နင်းချေလိုက်ပြီး Baekhyun လက်မှ လျှပ်စီးကြောင်း လက်ထိပ်သည်လည်း ပျောက်ကွယ်သွားသည်။

Chanyeol ရဲ့ အပြုအမူကြောင့် Baehyun မှာ မှင်သက်သွားရသလို Luhan ကတော့ မသိမသာ သက်ပြင်းချလိုက်၏။ Sehun အတွက်တော့ Chanyeol သည် တချိန်မဟုတ် တချို့ လက်စွမ်းပြပေးရဦးမည့် အန္တရာယ်ရှိလူတယောက်ဖြစ်နေဆဲဖြစ်ကာ ခုချိန်ထိ သံသယစိတ်ကို လျော့ချနိုင်စွမ်းမရှိပါပေသည်။

.
.
.
.
.
.
.

နာရီဝက်ခန့်ကြာ ခရီးတခုလုံး Sehun မျက်နှာတည်ဖြင့်သာ ကားမောင်းနေ၏။ ဘေး၌ ရှိနေတာ Luhan မှ ၁၀မိနစ်ခြားတခါ လှည့်ကြည့်သည်ကို သိနေလည်း Sehun နှုတ်ဆိတ်နေဆဲ။နှုတ်ခမ်းတင်းတင်း
စေ့ပြီး ရှေ့တည့်တည့်ကို အာရုံစိုက်လျက် ကားမောင်းနေသည့် Sehun အမူအရာက Sehun ရဲ့ ဒေါသဘယ်လောက်ထွက်နေလဲဆိုတာကို ဖော်ပြခြင်း။

"Oh Sehun"

"...."

"ငါ အခု ဗိုက်ဆာတယ်"

MY SHINING COMETWhere stories live. Discover now