ဒီစကားကြားသည်နှင့်ကို Sehun လှောင်ရယ်ရယ်လိုက်သည်။ Luhan ကတော့ Sehun ကို မျက်မှောင်ကျုံ့ကြည့်လျက် ဝင်မပါဖို့ မျက်နှာရိပ်ပြ၏။ Chanyeol မျက်နှာမပျက်ပဲ ဆက်ပြောသည်။
"ဒါကြောင့် Dr Lu တို့ အဖွဲ့အစည်းကို ကျွန်တော် အယုံအကြည်မရှိဘူး၊ W.Net ရဲ့ ပေါ့ဆမှုကြောင့် ထိခိုက်နစ်နာရတဲ့ လူတယောက်အတွက် မျက်မြင်သက်သေအဖြစ်ရော၊ တာဝန်ခံအနေနဲ့ရော
ဒီA.I ကို ကျွန်တော်တို့ဘက်ကပဲ ထိန်းသိမ်းထားပါမယ်"
Sehun လက်သီးကို တင်းခနဲ ဆုပ်လျက် Baekhun ကို လှမ်းကြည့်သည်။ Baekhyun ထံမှ ငြင်းလိုသည့် အမူအရာ မတွေ့ရသည့်အခါ Sehun ပို၍ မကျေမချမ်းဖြစ်ရုံမှလွဲ၍ မတတ်နိုင်။
"ဒါကို ခင်ဗျား လက်ခံဖို့ ဖြစ်နိုင်ချေရှိ၊ မရှိ ကျွန်တော် သိချင်ပါတယ်"
Luhan အတွေးကျပ်သွားသလို ခဏတာ တွေဝေသွားသည်။ Baekhyun ကတော့ မယုံနိုင်သည့် မျက်ဝန်းတို့ဖြင့် Chanyeol ထံ အကြည့်ရောက်သွားပြီး Sehun ကတော့ စိတ်ရှိတိုင်းသာဆိုလျှင် Chanyeol ကို တခါတည်း ဆွဲထိုးပြီးသားဖြစ်နေပေမယ့် Luhan ကို ခုချိန်မှာ ကျော်ဖို့မဖြစ်နိုင်သေးသည့်အတွက် ဒေါသကို အတော့်လေး ထိန်းနေရသည်။
"ကောင်းပါပြီ။ CEO Park ဘက်ကလည်း ကတိပေးပါ၊ ဒီကိစ္စရပ် ပြင်ပကို မပေါက်ကြားဖို့ရယ်၊ တရားရင်ဆိုင်တာမျိုး မလုပ်ဖို့ရယ်ပါ"
"CEO Park ကလည်း တူဖြစ်သူကို ပြန်လိုချင်သလို ကျွန်တော်တို့အတွက်လည်း Code X ကို ပြန်ထိန်းသိမ်းဖို့ တာဝန်ရှိနေပါတယ်၊ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ဖြစ်မလာစေဖို့ ဒီကိစ္စကို အတွင်းရေး အနေနဲ့ ထားမှ ဖြစ်မှာပါ"
မျက်တောင်မခတ်တမ်း စောင့်ကြည့်နေသည့် Chanyeol လည်း ထိုစကားကြားပြီးနောက် အတွေးများသွားဟန်ရှိသည်။သို့ပေမယ့် ဘာကိုမှ ထောက်ပြပြောတိုခြင်းမရှိသေး။ ထိုအမူအရာကြောင့် Luhan ဆက်ပြောဖို့ အခွင့်အလမ်းရသွားသည်။
"ဒါကို CEO Park လည်း နားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်၊ နောက်ပြီး Park Group ထိခိုက်ရမှုအတွက် W.Net ကနေ သေချာပေါက် နစ်နာကြေးအတွက် ဖြေရှင်းချက်တစ်ခုပေးပါလိမ့်မယ်၊ အဲ့အချိန်မတိုင်ခင် အထိပဲ၊ တရားစွဲဆိုတာမျိုးတွေ ခေတ္တရပ်ဆိုင်းထားပေးစေချင်တာပါ"
YOU ARE READING
MY SHINING COMET
Romance𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla
Part 24 || Timer of escaping ||
Start from the beginning
