Part 24 || Timer of escaping ||

Start from the beginning
                                        

"W.Net ရဲ့ တာဝန်ရှိသူတွေပါပါလာပြီဆိုတော့ ကောင်းပါတယ်၊ ဒီကိစ္စကို တခါတည်းရှင်းကြတာပေါ့"

ရေခဲတမျှ အေးစက်သည့် လေသံဖြင့် Chanyeol ဆီက စကားထွက်လာချိန်မှာ Luhan အလိုလို ပြုံးလိုက်မိသည်။

"CEO Park ဆီကနေ မထင်မှတ်ပဲ ဒီလိုစကားမျိုး ကြားရတော့ ဒီစုံစမ်းစစ်ဆေးရေးကိစ္စရပ်က အောင်မြင်မှာ သေချာသွားပါပြီ"

အရှေ့မှ ကာထားသည့် Sehun လက်မောင်းကို Luhan တချက်ပုတ်လိုက်ပြီး Sehun နှင့် အကြည့်ချင်းဆုံသွားသည့်အခါ ခေါင်းငြိမ့်ပြလိုက်သည်။
Sehun ကတော့ ကြည်လင်သည့် အမူအရာမှာ ရှိမနေပါပေ။ သို့ပေမယ့် Luhan မျက်ဝန်းထဲက သူ့ကို စိတ်ချနေဖို့ အဓိပ္ပါယ်ပါသည့် အကြည့်များကြောင့် Sehun ဘာမှ ဆက်မပြောတော့ခြင်းသာဖြစ်သည်။
Chanyeol နဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး Luhan လက်တဖက်ကို ဆန့်ထုတ်လျက် ကမ်းလှမ်းလိုက်သည်။

"Park Group CEO နဲ့ တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်၊ ခုကစလို့ ရှေ့လျှောက်လည်း အတူတူ လုပ်ငန်းပူးပေါင်းဆောင်ရွက်ကြရအောင်ပါ CEO Park ssi"

ကမ်းလှမ်းလာသည့် လက်ကို ပြန်လည်နှုတ်ဆက်ခြင်းမပြုသည့်အပြင် Chanyeol မျက်နှာတည်ဖြင့်သာ ရပ်ကြည့်နေ၏။ထို့နောက် မျက်ခုံးတို့ကို တွန့်ချိုးလျက် Luhan ကို စကားဆိုသည်။

"ငါ Dr Lu နဲ့ အပေးအယူတခု လုပ်ချင်တယ်၊ အဲ့တာကို သဘောတူညီမှ ရှေ့ခရီးဆက်နိုင်မယ်"

Luhan လည်း ကမ်းလှမ်းထားသည့် လက်ကို ရုတ်သိမ်းခြင်းမရှိပဲနှင့် ဖြေ၏။

"ပြောပါ၊ CEO Park။ ကျွန်တော်တို့ဘက်က ကူညီနိုင်တာဆိုရင် ဘာမဆိုကူညီပေးပါ့မယ်"

ဘေးနားမှာ အချိန်တစ်ခုကြာတဲ့အထိ ဘာတစ်ခုမှ ဝင်ရောက်ပြောဆိုခြင်းမရှိသည့် Baekhyun လက်တစ်ဖက်ကို ဆွဲယူလျက် Chanyeol စကားဆက်သည်။ Baekhyun ကတော့ မျက်ဝန်းအဝိုင်းသားဖြင့် ငေးသာ ကြည့်နေ၏။

"ကျွန်တော့်တူကို ရှာမတွေ့မချင်း ဒီကောင်လေးကို ကျွန်တော်ခေါ်ထားမယ်၊  ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စရဲ့ နစ်နာသူက ကျွန်တော်တို့ Park လုပ်ငန်းစုပဲ"

MY SHINING COMETWhere stories live. Discover now