Part 24 || Timer of escaping ||

Comenzar desde el principio
                                        

"ဆိုလိုတဲ့သ​ဘောက ဒါဟာ တကယ်​မီး​လောင်ထား တဲ့အ​ပေါ် ​​ခြေရာ​ဖျောက်တဲ့ ဓါတုမှုန့်တချို့​ရောထားတဲ့ ပြာတု​တွေပဲ၊ ပြာမှုန့်ရဲ့ သိပ်သည်းဆကလည်း ၃ဆ ၁ဆ​လောက်ပို​လျော့တယ်၊ ပြာဖြစ်တဲ့အထိ​လောင် ကျွမ်းဖို့ အသုံးပြုရတဲ့ မီးအပူချိန်ပမာဏ၊ ​​လောင်ကျွမ်း ခံရမယ့် အရာဝတ္ထု​တွေ၊ အခင်းဖြစ်တဲ့​နေရာအထိ​ရောက်ဖို့ ကြာချိန်နဲ့ဆို ​နောက်ထပ်ထွက်လာတဲ့တချက် က ခင်များတို့ရထားတဲ့​ခြေရာခံစနစ်မှာအတုအ​ယောင် virus စနစ် ဝင်​ရောက်​နှောက်ယှက်သွားဟန်ရှိတယ်၊ သတင်းအချက်အလက်အ​ပေါ် စနစ်နဲ့ ​ရောပြီးအရူး လုပ်ခံလိုက်ရတယ်ပဲဆိုရမယ် ဖြစ်နိုင်တာက သူတို့ အပြင် တ​ခြားတ​ယောက်က အကူအညီ​ပေးလို့ ခင်များ တို့အားလုံးကို လှည့်စားဖို့ တဖက်လှည့်နဲ့ အသုံးချ သွားတဲ့ ဖြတ်လမ်းနည်း တစ်ခုပါပဲ၊ ​ပြောရရင် အချိန် တိုတိုနဲ့ ထိ​ရောက်တဲ့ ​ကြေးစား​တွေသုံးတဲ့နည်းမျိုးပေါ့"

Chanyeolကိုအထူးတလည်အာရုံစိုက်ပြီး ​​ Luhan လေးလေးနက်နက်ရှင်းပြ​နေသည့်အတွက် Chanyeol ၏စိတ်ဝင်စားမှုက ပိုမိုမြင့်တက် သွား သည့်အသွင်။ထိုအချိန်၌​သေချာ​ပေါက် မျက်နှာမ​ကောင်းဆုံးသူက​တော့ Sehun။Hyung အ​ပေါ် ​​စေတနာလုံးဝမပါသည့် ထိုသူ့ကို သင်ခန်းစာ​ပေးဖို့ကြံရုံရှိ​သေး ချစ်သူကပါ ထပ်ပြီး အဲ့လူအား အ​ရေး​ပေး​ လေ​ပြေ​အေးဖြင့် အကြံ​ပေးနေပြန်သည်။​ဒေါသထွက်လည်းမရ ​ကျေ​အေး​ပေးဖို့လည်း မဖြစ်နိုင် လို့ ​အ​ချေရုပ်ထက်ပင် ​​ချေ၍ ​နေ​​နေရုံသာရှိသည်။

Baekhyun က​တော့ မျက်စိတဆုံး မြင်ကွင်း ပတ်ပတ်လည်​စူးစိုက်ကြည့်​နေစဥ် Luhan မှ ကုတ်အင်္ကျီအတွင်းမှ IDကဒ်ကိုထုတ်ကာ လက်ပတ်နာရီ​ပေါ်တင်လိုက်၏။ထို့​နောက် ကဒ်အားပြန်သိမ်းပြီး လက်ပတ်နာရီ screen အား နှိပ်လိုက်လျှင် စိမ်းပြာ​ရောင် electronic network screen ​သည် ​လေ​ထဲ၌ပေါ် လာပြီး Luhan ၏ ID ​ကို တိကျစွာ​ဖော်ပြ​​ပေ၏။

Name                :Dr.Lu Han (Professor)
ID Code            : D7LQ04
Position           : Program Director
Department  : Project Implementation Unit (Head Quarter)
Organization: W.Net.Inc

တဖက်လူ၏ ​နောက်ခံ အဖွဲ့အစည်းကို မြင်​တွေ့သည် နှင့် Chanyeol မျက်နှာထား၌ ခံစားချက်တို့ကင်းမဲ့
လျက်။ မည်သည့်အရိပ်အ​ယောင်ကိုမျှ ဖမ်းယူ၍ မရတော့သည်အထိ Chanyeol ၏ စိတ်အ​ခြေအ​နေကို
Baekhyun အာရုံခံလို့ပင် မရ​တော့။Chanyeol အမူအရာကို မြင်သည်နှင့် စိတ်မချတော့သည့် Sehun မှာ ရုတ်တရက် မသိစိတ်၏ လှုံ့​ဆော်မှုကြောင့် Baekhyun ထက် ပိုပြီး အ​ရေးကြီးသွားသည့်သူမှာ Lu Han ဖြစ်လာသည်။ထို့ကြောင့် Lu Han လက်ကို ဆတ်ခနဲ ဆွဲယူကာ မိမိ​ကျော​​​နောက်သို့ ​ရပ်​နေ​စေ၏။

MY SHINING COMETDonde viven las historias. Descúbrelo ahora