Part 24 || Timer of escaping ||

Начните с самого начала
                                        

"အင်း..ကြည့်ရတာ​တော့ သူတို့​ကုန်း​ကြောင်း​ရော၊ ​ရေ​ကြောင်း​ရော သုံးမှာမဟုတ်သလို လတ်တ​လော ခြေရာ ခံဖို့လည်း မဖြစ်နိုင်လို့ ​သဲလွန်စ​တွေက အလကားပဲ CEO Park shi"

​ရှုပ်​ထွေး​နေသည့်အ​​​​နေအထားနှင့်ကွဲလွဲစွာပင် သီးသန့် ဆန်စွာငြိမ်သက်​နေသည့် Luhan မှ ပင်လယ်ပြင် တလှည့် သဲ​သောင်ပြင်တလှည့် မျက်လုံး​ဝေ့ကြည့်ကာ အနီးတဝိုက်မှ ပတ်ဝန်းကျင်အား အကဲခတ်​နေ​ပေ သည်။ပေါက်ကွဲ​တော့မည့် မီး​တောင်ကဲ့သို့ လူများ အကြား ​ရုတ်ခြည်း ဆက်စပ်မှုမရှိ ဝင်ရောက် ပြောဆို လာသည့် အေးချမ်းတည်ငြိမ်​နေ​သော Luhan ၏ အပြုအမူ​က တခြားသူများအား အာရုံလွှဲ​ပြောင်းလိုက် သည့်နှယ်။Luhan စကားအ​ပေါ် အများဆုံးအာရုံ စိုက် မိသွားသူက Chanyeol။

"ဘာဖြစ်လို့ ဒီလို​ပြောနိုင်ရတာလဲ"

အိတ်ကပ်ထဲမှ သစ်သားအပိုင်းအစအ​ပေါ် ​အထူးသက်​သေတခုလို ရရှိထားသည့်အတွက် ရာနှုန်းဝက်​လောက် ပြန်​တွေ့ရန်​သေချာ​နေသည်ကို Luhan ၏ ​အေးတိ​အေးစက် သုံးသပ်ချက်က ပယ်ဖျက်လိုက်သည်​ကြောင့် Chanyeol သံသယရှိစွာ ​မေးလိုက်သည်။ Chanyeol ၏ ​လေသံက ထွက်ဆိုချက်တခုကို ခိုင်ခိုင်မာမာမရမချင်း စစ်​မေး​နေမည့် အမှုစစ်တစ်ဦး၏ ​မေးကြားချက်အတိုင်းဖြစ်​နေသည့်အ​ပေါ် Luhan ဘက်မှ အထူးတလည် စိတ်ဖိစီးမှုမရှိ၊ ​ရှူးဖိနပ်​အောက်​ခြေမှ ပြာမှုန်အချို့ကို လက်တစ်ဆုပ်စာ​ကောက်ယူပြီး ဖြန့်ပြလျက်ရှင်းပြသည်။

"ခင်များကြည့်​ကြည့်လေ ဒီမီး​လောင်ရာ​က​နေရတဲ့ပြာ​တွေက အတု​တွေချည်းပဲ၊ ​ပုံမှန်အားဖြင့် လောင်ကျွမ်း ပြီးသား ပြာမှုန့်​တွေမှာ အနည်းနဲ့အများ မပြိုကွဲတဲ့ ဒြပ်စင်​​တွေပါလေ့ရှိတယ်၊ဥပမာပြောရရင် သစ်သားအခံရှိတဲ့ ပစ္စည်းမျိုး ​လောင်ကျွမ်းတဲ့အခါ အစိတ်အပိုင်းတချို့က မီး​သွေးလို မဲနက်​နေတတ်ပြီး ကြွင်းကျန်တဲ့ အပိုင်းအစဆိုရင်​တောင် ပြာလိုအ​​ရောင်ထွက်တတ်တယ်၊ ဒါ​ပေမယ့် ဒီပြာ​တွေက​ အမှတ်တမဲ့ကြည့်ရင် တကယ်ပဲ ​မီး​လောင်မှု တခုက ကျန်ရစ်တဲ့ အမှုန်​တွေလိုလိုနဲ့ အနီးကပ် ကြည့်မှ တလက်လက်ဖြစ်​နေတဲ့ စိန်ပွင့်လို အမှုန့်​တွေလည်းပါ​နေတယ်"

MY SHINING COMETМесто, где живут истории. Откройте их для себя