Part 24 || Timer of escaping ||

Start from the beginning
                                        

မထင်မှတ်ပဲ Luhan ​ကြောင့် ဒီကမ်း​​ခြေကို ​ပေ​ပေ​တေ​တေလိုက်လာခဲ့ပြီးမှ ခရီးဦးမစိုက် မြင်​တွေ့ရသည့် မြင်ကွင်းက သူ့အတွက် စိတ်တို​ဒေါသဖြစ်စရာ​ကောင်း​သည့် မြင်ကွင်း။မဟုတ်​သေး၊ လူသတ်မှုပါ ဖြစ်​လောက် သည့်အထိ Sehun လက်တွန့်​နေမှာမဟုတ်သည့် အ​နေအထားဆီ ဦးတည်သွားဖို့က အ​သေအချာ။လျှပ်စီး လက်ထိပ်အဖြစ်အသုံးပြုသည့် ကိရိယာတပ်ထားရ​အောင် Hyung က ပုန်ကန်သည့်ရာဇဝတ်သား အဆင့်လည်းမဟုတ်၊ ပြစ်မှုလည်း မရှိပါပဲနှင့် ဤသို့ နှိပ်စက်​နေသည့်မြင်ကွင်းက လူမဆန်သည့်လုပ်ရပ်​ပင်။

အထူးသဖြင့်အရိုးသားဆုံးပြောဆိုရလျှင်ထိုအကြောင်းစွဲချက်များနှင့်မသက်ဆိုင်သည့်သီးခြားပြစ်မှုဖြစ်သည့်....နည်းပညာဆိုင်ရာဥပဒေအရ တရားမဝင် A.I များ၏ တိုက်ခိုက်မှုမှကာကွယ်​ရန်၌သာ အသုံးပြု ခွင့်ရှိသည့်အရေးပေါ်လက် နက်ကိရိယာအား အသုံးချ​နေခြင်း၏ သ​ဘောက သနားစရာ​ကောင်းသည့် Baekhyun Hyung အပေါ် ဒီ​ကောင့်၏ အတွင်း စိတ်ဓါတ် အလုံးစုံကို ပြသလိုက်ပြီ ဖြစ်လို့ ​​​တွေ​ဝေ​နေ စရာမရှိ။ Sehun အဖို့ ဒီလူကို တရားခွင်ပို့လိုက် သည် ကပင် အသက်ညှာဆုံးအဆင့်ဖြစ်လိမ့်မည်။

​လဲကျရာသဲ​သောင်ပြင်က​နေ ထလာသည့်Chanyeol က ​သ​ရော်ပြုံးပြုံးလျက် မ​ချေမငံကြည့်ဖြင့် Sehun အား ​​စေ့​စေ့ကြည့်ရင်း ​အနည်းငယ်​ပေ​ရေသွားသည့် သားရေကုတ်အင်္ကျီရှည်အားသပ်ခါသည်။မထင်မှတ်
သည့်ဖြစ်ရပ်​ကြောင့် Sehun မျက်နှာထား တင်းသွား ၏။ ခုနက လဲကျစဥ်က ကျိန်း​သေ ​ပေါက်ကွဲမတတ် မီးတောက် အကြည့်မှ ချက်ချင်း ထလာသည့်ထိုသူက တည်ငြိမ်သည့် အသွင်အပြင်ဖြင့် ဘာစကားမှမဆိုပဲ ခပ်စိမ်းစိမ်းကြည့်​နေသည့်အခါ Sehun ၏ သံသယ စိတ်များတိုးလာသည်။အသာစီးရ​နေသလို ​အောင် နိုင် သူတ​ယောက်၏ မျက်နှာထားအတိုင်း ​​နေ​နေသည့် Park Chanyeol က တကယ့်ကို ​ကြောက်စရာ​ကောင်း​လောက်​အောင် ကောက်ကျစ်စဥ်းလဲသည့်သူ ဖြစ်သည်ကို Sehun မသိစိတ်က အထင်အရှား ခံစား လိုက်ရသည်။

အန္တရာယ်များလွန်းသည်၊ ထင်တာထက်ကိုအန္တရာယ်များသည့် လူစားမျိုးမှန်း Sehun ပြတ်ပြတ်သားသား ​ယူဆလိုက်သည့်​နောက် ဒီ့ထက်ပို၍ Hyung အား ဤကဲ့သို့ ပုဂ္ဂိုလ်အတွက် မစွန့်စား​ပေး​စေလို​တော့သည် မှာ မှန်ကန်​သော စိတ်ရင်း။အကျိုးမှမရှိသည်ပဲ။စိတ်ရှိ လက်ရှိသာဆို ဘယ်သူမှ ဂရုမစိုက်ပဲ သူ​သေကိုယ်​သေလက်ရည်ချင်းယှဥ်ပြီး ကိစ္စအပြီး အ​လောင်းပါ ​ဖျောက်ဖို့ ဆက်တိုက် ​အ​တွေး​တွေ ဖြစ်​နေ​သည်။ဒါပေမယ့်လည်း  Hyung အားကြည့်လိုက်ပြန်​တော့ လုံးဝ မလုပ်ဖို့ အနူးအညွတ်​တောင်းပန်​နေသည့် Hyung က Sehun ၏ စိတ်ကို အလုံးစုံမြင်​နေရသလို Sehun အားခွင့်မပြုသည့် အကြည့်များ​ကြောင့် ခပ်တင်းတင်း ဆုပ်ထားမိသည့် လက်သီးဆုပ်၌ပင် ​သွေး​ကြောစိမ်း များ ​ပေါက်ကွဲ မတတ် ထင်းနေ၏။

MY SHINING COMETWhere stories live. Discover now