Part 24 || Timer of escaping ||

Start from the beginning
                                        

"ဘာဖြစ်လို့ ဒီလို​ပြောနိုင်ရတာလဲ"

အိတ်ကပ်ထဲမှ သစ်သားအပိုင်းအစအ​ပေါ် ​အထူးသက်​သေတခုလို ရရှိထားသည့်အတွက် ရာနှုန်းဝက်​လောက် ပြန်​တွေ့ရန်​သေချာ​နေသည်ကို Luhan ၏ ​အေးတိ​အေးစက် သုံးသပ်ချက်က ပယ်ဖျက်လိုက်သည်​ကြောင့် Chanyeol သံသယရှိစွာ ​မေးလိုက်သည်။ Chanyeol ၏ ​လေသံက ထွက်ဆိုချက်တခုကို ခိုင်ခိုင်မာမာမရမချင်း စစ်​မေး​နေမည့် အမှုစစ်တစ်ဦး၏ ​မေးကြားချက်အတိုင်းဖြစ်​နေသည့်အ​ပေါ် Luhan ဘက်မှ အထူးတလည် စိတ်ဖိစီးမှုမရှိ၊ ​ရှူးဖိနပ်​အောက်​ခြေမှ ပြာမှုန်အချို့ကို လက်တစ်ဆုပ်စာ​ကောက်ယူပြီး ဖြန့်ပြလျက်ရှင်းပြသည်။

"ခင်များကြည့်​ကြည့်လေ ဒီမီး​လောင်ရာ​က​နေရတဲ့ပြာ​တွေက အတု​တွေချည်းပဲ၊ ​ပုံမှန်အားဖြင့် လောင်ကျွမ်း ပြီးသား ပြာမှုန့်​တွေမှာ အနည်းနဲ့အများ မပြိုကွဲတဲ့ ဒြပ်စင်​​တွေပါလေ့ရှိတယ်၊ဥပမာပြောရရင် သစ်သားအခံရှိတဲ့ ပစ္စည်းမျိုး ​လောင်ကျွမ်းတဲ့အခါ အစိတ်အပိုင်းတချို့က မီး​သွေးလို မဲနက်​နေတတ်ပြီး ကြွင်းကျန်တဲ့ အပိုင်းအစဆိုရင်​တောင် ပြာလိုအ​​ရောင်ထွက်တတ်တယ်၊ ဒါ​ပေမယ့် ဒီပြာ​တွေက​ အမှတ်တမဲ့ကြည့်ရင် တကယ်ပဲ ​မီး​လောင်မှု တခုက ကျန်ရစ်တဲ့ အမှုန်​တွေလိုလိုနဲ့ အနီးကပ် ကြည့်မှ တလက်လက်ဖြစ်​နေတဲ့ စိန်ပွင့်လို အမှုန့်​တွေလည်းပါ​နေတယ်"

"ဆိုလိုတဲ့သ​ဘောက ဒါဟာ တကယ်​မီး​လောင်ထား တဲ့အ​ပေါ် ​​ခြေရာ​ဖျောက်တဲ့ ဓါတုမှုန့်တချို့​ရောထားတဲ့ ပြာတု​တွေပဲ၊ ပြာမှုန့်ရဲ့ သိပ်သည်းဆကလည်း ၃ဆ ၁ဆ​လောက်ပို​လျော့တယ်၊ ပြာဖြစ်တဲ့အထိ​လောင် ကျွမ်းဖို့ အသုံးပြုရတဲ့ မီးအပူချိန်ပမာဏ၊ ​​လောင်ကျွမ်း ခံရမယ့် အရာဝတ္ထု​တွေ၊ အခင်းဖြစ်တဲ့​နေရာအထိ​ရောက်ဖို့ ကြာချိန်နဲ့ဆို ​နောက်ထပ်ထွက်လာတဲ့တချက် က ခင်များတို့ရထားတဲ့​ခြေရာခံစနစ်မှာအတုအ​ယောင် virus စနစ် ဝင်​ရောက်​နှောက်ယှက်သွားဟန်ရှိတယ်၊ သတင်းအချက်အလက်အ​ပေါ် စနစ်နဲ့ ​ရောပြီးအရူး လုပ်ခံလိုက်ရတယ်ပဲဆိုရမယ် ဖြစ်နိုင်တာက သူတို့ အပြင် တ​ခြားတ​ယောက်က အကူအညီ​ပေးလို့ ခင်များ တို့အားလုံးကို လှည့်စားဖို့ တဖက်လှည့်နဲ့ အသုံးချ သွားတဲ့ ဖြတ်လမ်းနည်း တစ်ခုပါပဲ၊ ​ပြောရရင် အချိန် တိုတိုနဲ့ ထိ​ရောက်တဲ့ ​ကြေးစား​တွေသုံးတဲ့နည်းမျိုးပေါ့"

MY SHINING COMETWhere stories live. Discover now