Chapter 30 (Part 1)

Start from the beginning
                                    

နန်ဟွိုင်လင် အန်ပြီးသွားတော့ မျက်နှာနှင့် ပါးစပ်တွေကို သေချာဆေးကြောပြီး စားသောက်နေတဲ့နေရာဆီကို ပြန်ထွက်ခဲ့လိုက်တယ်။ ဒါပေမယ့် အခုထက်ထိ ခွက်ချင်းမြောက်ပြီး ဆုတောင်းတာက မပြီးသေးတော့ သူ နောက်ထပ်နှစ်ခွက်ထပ်သောက်လိုက်ရတယ်။ ထို့နောက် နန်ဟွိုင်လင် လုံးဝကို ရပ်တန့်ကာ စားပွဲပေါ်မှာ မှောက်ချလိုက်တယ်။ သူ့ကိုယ်သူ နိုးထအောင်လုပ်ဖို့ ဘယ်လိုမှ ဟန်ဆောင်ပန်ဆောင်တောင် မစွမ်းဆောင်နိုင်တော့ဘူး။

ရှန်ချုန်း မိန်ထျန်းကျူကိုခေါ်ကာ နန်ဟွိုင်လင်ကို နှစ်ယောက်တွဲခေါ်ပြီး ကားထဲပို့လိုက်တယ်။

ရှန်ချုန်း, "သူ ဘယ်မှာနေလဲဆိုတာ မင်းသိလား? "

"သူ Dong Fangအိမ်ယာမှာ နေတာပဲ သိတယ် "

" ဒါဆို သူ့ကို အဲ့နားမှာပဲ ချပေးလိုက်။ သူ့ကိုခေါ်ဖို့ လူတစ်ယောက်လာလိမ့်မယ် "

မိန်ထျန်းကျူ ကားမောင်းပြီးဟထွက်သွားတော့ ရှန်ချုန်း ဖေ့ချန်ကို ဖုန်းဆက်လိုက်တယ်။

" မင်းရဲ့ 'လင်'ပေါက်စလေးက မူးသွားလို့ ငါ သူ့လက်ထောက်ကို ပြန်ခေါ်သွားပေးဖို့ ပြောလိုက်တယ်။ ခနနေရင် မင်း သူ့ကို ဆင်းခေါ်လိုက်ဦး "

" ဖာ့ခ်..မင်း သူ့ကို ဘာလို့ မကြည့်ထားတာလဲ? " ဖေ့ချန်ရဲ့ ဒေါသတွေက အလိပ်လိုက်အလိပ်လိုက်ထွက်နေတယ်။

" သူက အူအရိုင်းလေးဆိုတာ ငါ မသိလိုက်လို့ " ရှန်းချုန်းက ပြုံးနေရင်း " ဒါပေမယ့် သူအခု အရက်မူးသွားတာဆိုတော့ မင်းသူ့ကို တစ်ခုခုလုပ်လို့ရတယ်နော် "

" ငါလိုးပဲ! " ဖေ့ချန် ဆဲပြီး ဖုန်းချပစ်လိုက်တယ်။

မိန်ထျန်းကျူ ကားမောင်းနေတုန်း ရုတ်တရက် နန်ဟွိုင်လင်ရဲ့ ဖုန်းက မြည်လာတယ်။ အဲ့တာက ဆက်တိုက်ပဲ မြည်နေတာကြောင့် သူမ ဖုန်းကို ဆွဲထုတ်ယူလိုက်တယ်။

မှတ်ထားတဲ့ နာမည်က Mr.ယုန် တဲ့။

အဲ့ဒီလူက နန်ဟွိုင်လင်နဲ့ တိုက်ခန်းတစ်ခုတည်းမှာ မျှနေတဲ့အခန်းဖော်ဆိုတာကို...ပြောပြဖူးတာ သူမ သတိရသွားတယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now