"ကျွန်တော် နားလည်ပါတယ် ခု လာ ဒီဒဏ်ရာတွေကို
ဆေးထည့်ပေးမယ်"

Jenoက ဆေးသေချာထည့်ပေး အထပ်ထပ် မှာပြီး
အခန်းထဲက ထွက်သွားတော့မှ Doyoung သက်ပြင်း
ချနိုင်သည် ခုနက Jenoရှေ့မှာ နူးညံ့နေတဲ့ မျက်နှာကို
ခုတော့ ဆက်ပြီး ထိန်းမထားနိုင် သူတကယ်ကိုပြိုလဲနေပြီ
သူက ခုံပေါ်မှာ တိတ်တဆိတ်ထိုင်ရင်း သူ့လွယ်အိတ်ထဲက
စာအိတ်တစ်ခုကို ထုတ်လိုက်သည်

နောက်နှစ်အတွက် Scholarship ရုတ်သိမ်းကြောင်း အသိပေးစာ ပင်

သူဘယ်လိုလုပ်ရမလဲ သူမသိတော့ပေ ဒီလိုသာဆို
နောက်နှစ်ကြ သူကျောင်းဆက်တက်နိုင်မှာ မဟုတ်တော့
ဘူး အဲ့တာဆို သူ အလုပ်ကောင်းကောင်းလည်း ရနိုင်မှာ
မဟုတ်ဘူး ဒါဆို Jenoကိုလည်း ကောင်းကောင်း
ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး လေ
လောကကြီးက မတရားပါ ဘာကြောင့် သူတို့အပေါ်
အဲ့လောက်ရက်စက်ရတာပါလိမ့်

"ချီးပဲ"

ဒဏ်ရာတွေကပါ နာကျင်နေတော့ ဒီညတော့ သူ ဝေဒနာ
တွေ လူးလိမ့်နေအောင် ခံရဦးမယ် မနက်ကြ အလုပ်မရှိ
တာ တော်သေးတယ်ပြောရမယ် ခုနက ဖြစ်ပျက်ခဲ့တဲ့
ကိစ္စရပ်တွေကို ပြန်တွေးရင်းး စားပွဲပေါ်က မိသားစု
ဓာတ်ပုံလေးတစ်ခုကို ကြည့်နေမိသည်

"မေမေ့ကို လွမ်းလိုက်တာ "

၀မ်းနည်းတဲ့ စိတ်တွေက လှိုက်တက်လာခဲ့သည်
ဖေဖေက ဒီလိုမျိုး သူတို့ကို ပစ်ထားရက်တာအတွက်လည်း
နာကျည်းမိတယ် ကိုယ့်ရှေ့မှာ ကိုယ့်သားတစ်ယောက်လုံးကို
သူစိမ်းသူရံ တွေက ရိုက်နှက်ထိုးကြိတ်နေတာကို ဖေဖေက
ရပ်ကြည့်နေနိုင်ခဲ့တယ် သူ့ဘာသာသူဆို အကူအညီသွားတောင်းမိမှာ မဟုတ်ပေမယ့် Jenoကိုတော့ ဝါသနာပါရာ တက်နိုင်အောင် လုပ်ပေးချင်တယ် ဒါ့ကြောင့် အဖေတစ်ယောက်အနေနဲ့ ပြန်ကြည့်ပေးမယ်ဆိုတဲ့ယုံကြည်ချက်နဲ့သွားခဲ့တာ ခုတော့
Jenoသာ သိရင် ပိုဆိုးတာတွေ ဖြစ်လာနိုင်တာမို့
ဘာမှမပြောပဲ နှုတ်ဆိတ်နေခဲ့တာ ခု စကော်လားရှစ်ကိစ္စလည်း သိသွားလို့ မဖြစ်ပေ အဲ့ကလေးက ငြိမ်နေမှာ
မဟုတ်ဘူး

တံခါ‌းခေါက်သံ ကြားလိုက်ရတာကြောင့် Doyoung
က အသံပြုလိုက်သည်

𝗢𝗻𝗹𝘆 𝘆𝗼𝘂Where stories live. Discover now