“ကောင်းပြီ”

“ပထမဆုံး အိပ်ယာခင်း”

“ဟိုလူကိုရွေးခိုင်းလိုက်”

ထိုအခါလရိပ်က မက်တပ်ရပ်နေတာဖြစ်ပြီးမိန်းကလေးကသူ့ဖက်လှည့်လာတော့ ကယောင်ကတန်းရွေးမိရွေးရာ အပြာရင့်ရောင်ရွေးမိသွားသည်။ထို့နောက်လိုအပ်သည့်ခန်းဝင်ပစ္စည်းတွေအားလုံးလရိပ်ကပဲဒိုင်ခံ‌ရွေးရ၏။

“သတို့သားဝတ်စုံကရော ဘယ်ဒီဇိုင်းဘယ်အရောင်ရွေးမလဲမသိဘူး”

ဝန်ထမ်းလေးက သူတို့နှစ်ယောက်ကိုတစ်ယောက်တစ်လှည့်ကြည့်နေစဉ် ရှင်းခန့်က သူ့ကိုမေးဆိုသည့်သဘောမျိုးနဲ့မေးငေါ့ပြလိုက်သည်။

““ဘာလဲ ငါပဲလိုက်ရွေးနေရတာ မူးလာပြီ သက်သက်ငပျင်းထူတာ”

လရိပ်ခြေစောင့်ပြီးအဝတ်ခန်းထဲသို့ဝင်သွားလေသည်။ပြီးနောက် ဝတ်စုံတွေကိုင်ကြည့်ပြီးခပ်ညစ်ညစ်ပြုံးလိုက်ကာ...

“ဒီအသားမဲကောင်ကအနီရဲရဲဆိုကို့ယိုးကားယားဖြစ်နေမှာပဲ ဟိဟိ”

“အစ်ကို”

ကြိတ်ပြုံးနေစဉ် ဝန်ထမ်းမိန်းကလေးကခေါ်လိုက်တာကြောင့်အနည်းငယ်လန့်သွားလေ၏။

“ဘာ ဘာလဲ”

“အစ်ကို့အမျိုးသားက အစ်ကို့ကိုတော်တော်ချစ်တာပဲနော်”

ဒီကောင်မလေးကငွေသုံးနိုင်တာနဲ့အထင်ကြီးနေပုံပဲဟုလရိပ်တွေးပြီး ဝတ်စုံအနီကိုရွေးလိုက်လေ၏။

“အင်္ကျီမ တော်မှာတော့ပူစရာမလိုပါဘူး။ဒီဆိုင်က အစ်ကိုတို့အတွက် အစ်ကိုတို့အဖေကအမြဲorderမှာပေးတဲ့ဆိုင်မို့လို့ပါ”

သူ့ဆီကို ဒီဇိုင်နာတစ်ယောက် မကြာခဏကိုယ်တိုင်းလာယူပေမယ့် ဒီကဒီဇိုင်နာမှန်းတော့လရိပ်မသိခဲ့ပေ။သူအင်္ကျီကိုထုတ်ပြီးအပြင်သို့ထွက်လာစဉ်..

“အစ်ကိုတို့စုံတွဲလေးအရမ်းချစ်ဖို့ကောင်းတယ်။အမှတ်တရပုံလေးရိုက်လို့ရမလား”

လရိပ်ဘာပြောရမှန်းမသိခင်ရှင်းခန့်ကလရိပ်အားကြည့်လျှက်..

“ရပါတယ်...ဒီကိုလာ!”

ရှင်းခန့်ကသူ့ပေါင်ကိုပုတ်ကာ လာရန်ပြောတော့လရိပ် မျက်နှာတစ်ခုလုံးရဲတတ်လာပြီး ပြန်ရန်သာဦးတည်နေတော့ ရှင်းခန့်ကထလာပြီးသူ့လက်မှဆွဲကာပေါင်ပေါ်သို့ထိုင်စေလိုက်၏။ သူ့လက်ဝါးကြီးတွေကလရိပ်၏ တစ်ဝက်ပေါ်နေသောပေါင်သားလေးတွေကိုညှစ်ကာ ပြန်မထစေရန်ထိန်းထားလိုက်လေ၏။လရိပ်လည်းရုတ်တရက်ဆွဲချခံလိုက်ရတာမို့ သူလည်တိုင်ကိုသိုင်းဖက်မိလျှက်သားဖြစ်သွားလေ၏။ထိုအခါ ဝန်ထမ်းကောင်မလေးမှာသဘောကျစွာဓာတ်ပုံရိုက်လေသည်။ ဓာတ်ပုံရိုက်‌ပြီးတော့ရှင်းခန့်က သူ့ကိုဘေးချပြီးထသွားရာ သူကနောက်မှလိုက်ပြီး..

My Bad Brother(Completed)Wo Geschichten leben. Entdecke jetzt