"တကယ်ကိုရုပ်ချောတာအပြင်မရှိဘူးပဲ.. ကျက်သရေတုံးလိုက်တာ"

အိမ်ကိုပြန်တဲ့လမ်းတစ်လျှောက် 24 hr mart ကနေရေခဲထုတ်လေးဝင်ဝယ်ကာ ကပ်ရင်း ပြန်ခဲ့သည် ။

______________

"အဲ့ဒီတစ်ယောက်ကတအားနာမည်ပျက်နေတာကွ! ဘားတိုင်းမှာပြဿနာဖြစ်တယ်လို့ကြားတာပဲ"

ယမ်ယမ် ကအကြောင်းစုံသိသလိုရှင်းပြလာသည် ။

"သူကနာမည်တော်တော်ကြီးလား? သီချင်းဆိုတာလေ?"

"အေး နာမည်ကတော့ကြီးတယ်ဆိုပင်မယ့် မသိတဲ့လူလဲရှိတာပေါ့ကွာ.. ဒါပေမယ့်ကောင်မလေးတွေတော့အသဲစွဲနော်"

"အဲ့လိုကောင်မျိုးနောက်ဆိုရှောင်စမ်းပါကွာ.."

"သူအရင်စတာကွ!"

"သူပဲစစ မင်းပဲစစ ဘာမှမဖြစ်တာပဲကောင်းတယ်ငါ့ကောင်ရေ.."

"အေးပါ ကျေးဇူးပဲ.. ထမင်းစားသွားအုံးလေ"

"တော်ပြီ ဒီနေ့အစ်မတို့လင်မယားလာလည်ကြမယ်ဆိုလို့ ငါလိုက်ပို့ပေးရအုံးမှာ"

"အေးအေး အဲ့တာဆိုလဲဂရုစိုက်သွား!"

ယမ်ယမ် ပြန်သွားသည်နှင့် ရမ်ကျွင့် လဲထမင်းစားရန်ပြင်လိုက်သည် ။
အခန်းထဲကအဖွားအတွက် ရမ်ကျွင့် ထမင်းဗန်းပြင်ပြီး သွားပေးတော့ အဖွားကချည်ထိုးတဲ့အလုပ်ကိုပဲအာရုံစိုက်နေသည် ။

"ဒါထိုးပြီးရင်တော့ စားလိုက်နော်"

"အေးပါ မြေးရယ်.."

အခန်းထဲကထွက်တာနှင့် ထမင်းစားပွဲပေါ်တွင် တင်ခဲ့သော ဖုန်းကမြည်လာတာကြောင့် ကိုင်လိုက်တော့ ဂျဲနို ဆီက ။

"ဝေ?"

"ရမ်ကျွင့်.. အခုတစ်ပတ် စနေအားလား?"

"အင်း.. အဲ့နေ့က မနက်ပိုင်းတော့အလုပ်ရှိတယ်"

"ဒါဆို ညပိုင်းရတယ်ပေါ့?"

"အင်း ရပါတယ် ဘာဖြစ်လို့လဲ ဂျဲနို?"

"အာ.. ဟိုဟာလေ ဒယ်ဒီကသူ့မွေးနေ့အတွက် ရမ်ကျွင့် ကိုဖိတ်ပေးပါဆိုလို့ ရမ်ကျွင့်အားလားအရင်မေးကြည့်တာ"

One Of Us! [NoRen]Where stories live. Discover now