အခုလည်း ကြည့်ပါဦး ။ မြေးသမက်လေးကိုတွေ့ရော မြေးအရင်းဖြစ်တဲ့ကျွန်တော်ကိုတောင် မေ့သွားလေရော ။ ဒီအဖွားတို့များ အကယ်၍ လက်ထပ်ပြီးရင်တောင် ဘယ်လိုတွေများ သည်းနေလိုက်မလဲ ။

" ကူးငယ်လေးရေ ... အဖွားကတော့ သိပ်ဝမ်းသာတယ်နော် ။ အစောကထည်းက အဖွားကလေ ဒီကူးငယ်လေးကို အိမ်ထဲဖိတ်ချင်နေခဲ့တာ ။ "

အဖွားကရယ်ရင်းဆိုလေတော့ ကျွန်တော့်အပြာနုရောင်လေးဟာ အဖွားရဲ့စကားကြောင့် ပြုံးနေရုံပါမက သူ့မူပိုင် ယုန်သွားလေးတွေပါ ပေါ်သည်အထိ ပြုံးနေတာကြောင့် ထယ်ယောင်းလည်း မနေနိုင်အောင် ပြုံးမိပါသေးသည် ။

" အဖွား ! အခုတော့ အိမ်ထဲရောက်ပြီမို့ သဘောတူဖို့ပဲ လိုတော့တယ်နော် ! "

ထယ်ယောင်းက အပြာနုရောင်ဘေးဝင်ထိုင်ကာ ဖြေလေတော့ ဒယ်ဒီကရယ်ရင်းဖြေလေသည် ။

" မာမီ မှတ်မိသေးတယ်မလား... ကျွန်တော်လည်း ထယ်ယောင်းရဲ့မာမီကို အိမ်အထိခေါ်လာပြီး မာမီရှေ့ချက်ချင်းကို သဘောတူခိုင်းတာလေ "

" ဟုတ်ပါ့ရှင် ! အဖေရော သားရော တစ်ထေရာထည်းနော် ။ ရောက်ရောက်ချင်း ပိုင်ရာဆိုင်ရာတွေကို သဘောတူအောင်အတင်းကို လုပ်ခိုင်းတာ ... အခုလည်းကြည့်ပါဦးရှင် ! မြေးနဲ့ကျတော့လည်း ဒီလိုပဲ... "

ကင်မ်အဖွားကဆိုလေတော့ အပြာနုရောင်လေးဟာလည်း ရယ်နေလေသည် ။

" ဖွားဖွား ! ကျွန်တော် ဆန်မုန့်လေးတွေ လုပ်လာတယ်ရယ်... အဲ့ဒါ ဖွားဖွားစားမယ်မလား ? ကျွန်တော်ကလည်း ဖွားဖွားနဲ့တွေ့ရမယ် မှန်းမသိတာနဲ့ တစ်ခြားသူသာဆို ဖွားဖွားလိုပဲ ဆန်မုန့်အိအိလေးစားချင်တယ်ထင်လို့ နူးညံ့တဲ့ အသားပုံစံလေးဖြစ်အောင် လုပ်ခဲ့တယ်ဗျ "

အပြာနုရောင်ဟာ အဖွားနဲ့ဘယ်လောက် ထိတောင်များ ရင်းနှီးလဲမသိစကားပြောနေတာများ တကယ့်မြေးအဖွားအရင်းတွေဖြစ်လို့ဗျာ ။

" ဖွားကသိပ်ကြိုက်ပါ့ရှင် ! "

" ကျေးဇူးတင်ပါတယ်နော် ဖွားဖွား "

" ကင်မ်ထယ်ယောင်းရှီး ! လက်ထပ်ဖို့ကို ဒီတစ်ပတ်ထဲစီစဉ်ပေးမယ်နော် ! ဘာလို့ဆို ဒီဟာလေးက ကျွန်မရဲ့အချစ်ဆုံးလေးဖြစ်နေလို့... "

Still With You ( Completed )Where stories live. Discover now