ဟုတ်သား…မိုးမိထားလို့ ကောင်လေးက မိုးတွေစိုနေတာပဲ။ ဒါကို သူမေ့သွားတာ။ ကောင်လေးအေးနေရောပေါ့။

"မင်းတစ်ကိုယ်လုံး စိုနေတာပဲ၊ ဒါလေးလဲထားလိုက်"

အတွေးထက် လက်တွေ့က ပိုမြန်တတ်တဲ့သူက သူ့ဆိုင်နောက်ထဲ အပြေးအလွှားသွားပြီးနောက် အင်္ကျီတစ်ထည်နဲ့အတူ ပြန်ရောက်လာကာ ထိုလူငယ်ရှေ့ ထိုးပေးမိတယ်။

သူကိုယ်တိုင်လည်း အခုထိ ဘာတွေလုပ်နေမိမှန်းမသိ။ ဆိုင်ဝန်ထမ်းတွေကတော့ အထူးအဆန်းလိုကြည့်နေကြပေပြီ။ ဒါလဲသူဂရုမစိုက်အား။ ရှေ့ကကောင်လေးကို ပြန်ကြည့်မိတယ်။ ကောင်လေးကလဲ သူပေးထားတဲ့အင်္ကျီလေးကိုကြည့်လိုက် သူ့ကို ကြည့်လိုက်နှင့် ဗျာများနေလေရဲ့။

"အင်္ကျီက ဝတ်ပြီးသားဆိုပေမယ့် လျှော်ပြီးသားပါကောင်လေး၊ သန့်ပါတယ်"

"အဲ့သဘောမဟုတ်ပါဘူး၊ ဒီလိုဝန်ဆောင်မှုပေးတဲ့ဆိုင်မျိုးမတွေ့ဖူးတော့ အင်း..တစ်မျိုးဖြစ်နေတာ"

"အင်း…အဲ့တာက"

သူဘာပြန်ပြောရမည်မသိတုန်း ဆိုင်ဝန်ထမ်းလေးက လာခေါ်သည်မို့သာ သူသက်ပြင်းချနိုင်တော့တယ်။

"သူဌေးဘာဖြစ်သွားတာလဲ"

"ငါပြောချင်တာလဲ အဲ့တာပဲ၊ သူ့ပစ္စည်းကို ဘယ်သူထိတာမှမကြိုက်တဲ့သူက အင်္ကျီကိုတောင် ပေးဝတ်လိုက်သေးတယ်တဲ့"

"ဘုရားရေ လောကကြီးဘာတွေဖြစ်ကုန်တာလဲ"

နောက်မှာပြောနေကြတဲ့ ဝန်ထမ်းတွေရဲ့အသံကိုလဲ မကြားချင်ယောင်ဆောင်ပစ်ရပါတယ်။ ကော်ဖီဖျော်တာကိုသာ သူအာရုံပြန်ပို့လိုက်ရတော့တယ်။

"မိုးတွေက သည်းအုံးမယ်ထင်တယ်၊ ငါဒီနေ့မလာဖြစ်တော့ဘူး"

" ... "

"အခု ကော်ဖီဆိုင်တစ်ခုမှာ၊ ဒီမှာကြာကြာနေဖြစ်လောက်တယ်၊ စောင့်မနေနဲ့တော့"

" ... "

"အင်း"

ကောင်လေးဖုန်းချတာမြင်မှ သူကော်ဖီကို သွားချပေးဖြစ်တယ်။

"ရပါပြီ"

"မြင်ကွင်းက လှတယ်နော်၊ ကိုယ်ဒီလိုမျိုး တစ်ခါမှမတွေးမိဘူး"

Coffee & Raining (One Shot)Where stories live. Discover now