"အေးပါ ဒါဆိုလဲပြီးတာပါပဲ။ဒါနဲ့ နင့်Babyလေးရော ခုဘယ်မှာလဲ...."

"ကျောင်းအပ်ပြီးအပြန်ကစားကွင်းမှာဆော့လာတော့ မောပြီးအိပ်နေတယ်လေ...."

ပြောလာတော့ အပေါ်ထပ်အခန်းကနေအော်သံလိုလိုကြားတာကြောင့် သုံးယောက်သားစကားပြောနေရာကခေါင်းထောင်သွားကာSooကLisaကို...

"ကလေးအော်သံကြား...."

ပြောလိုက်သော်လဲSooစကားကိုအဆုံးထိနားမထောင်ပဲ အပေါ်တက်အခန်းကိုပြေးတက်သွားတဲ့Lisaကြောင့် Jenကခေါင်းရမ်းလိုက်ရင်း ချစ်ရသူSooကိုကြည့်ကာ...

"Lisaအစား Jenတော့ရင်မောတယ်Sooရယ်..."

ပြောလာတာကြောင့် SooကJenပါးလေးကိုဖဲ့လိုက်မိတယ်။

"Jenစိတ်ပူနေတာကို ကိုယ်နားလည်ပါတယ် စိတ်ပူမနေနဲ့ အဆင်ပြေသွားလိမ့်မယ်...."

"အင်းပါ ..."

"ကိုယ်တို့လဲLisaအခန်းကိုလိုက်သွားရအောင်..."

"Nae..."

Sooနဲ့JenလဲLisaတက်သွားတဲ့အပေါ်ထပ်အခန်းကိုနောက်ကနေလိုက်သွားကြတော့တယ်။Lisaအခန်းထဲရောက်တော့Chaeပေါက်လေးကမျက်လုံးကိုစုံမှိတ်ထားကာ မျက်ရည်တေကျနေပြီး....

"မလိုက်ဘူး မခေါ်နဲ့ Daddyရေ Babyကိုကယ်ပါအုန်း ဝါး...အဲ့လူကြီးကိုကြောက်တယ် ဟင့် ဟင့်...."

ကြောက်လန့်တကြားငိုနေတာကြောင့် LisaလဲChaeပေါက်လေးကိုပွေ့ချီလိုက်ကာကျောလေးကိုပုတ်ရင်း...

"မခေါ်ပါဘူး Babyကိုဘယ်သူကမှခေါ်မသွားဘူးနော် Daddyရှိတယ်။မကြောက်ရဘူးနော်...."

ချော့လိုက်တော့မှလန့်အော်တာကရပ်သွားကာLisaရင်ခွင်ထဲကိုခေါင်းတိုးဝင်ရင်းChaeပေါက်လေးက...

"ဟင့် အင့် အဲ့ အဲ့လူကြီးကBabyကို မရမကပြန်ခေါ်မှာတဲ့ Babyကြောက်တယ် ဝါး...."

ပိုပြီးငိုလာတာကြောင့် Lisaကပိုတင်းကျပ်အောင်Chaeပေါက်လေးကိုပွေ့ဖက်ထားရင်း....

"မခေါ်စေရဘူးနော် BabyနားမှာDaddyပဲရှိတယ် မငိုနဲ့တော့နော်...."

ကျောလေးကိုပုတ်ကာချော့တော့မှ Chaeပေါက်လေးကရှိုက်နေရင်းLisaကိုမော့ကြည့်ကာ...

Baby's DaddyWhere stories live. Discover now