"Nae...Daddy..."

LisaလဲChaeပေါက်လေးခေါင်းကိုပုတ်ကာ အဝတ်အစားတေတစ်ခါတည်းယူကာရေချိုးခန်းထဲကိုဝင်သွားတော့တယ်...Chaeပေါက်လေးကတော့ ဟိုနေ့ကLisaဝယ်ပေးလာတဲ့အထုတ်တေကနေဂျင်းကြိုးသိုင်းလေးနဲ့တီရှပ်အဖြူလေးကိုထုတ်ကာဝတ်လိုက်ရင်းDaddy Lisaရေချိုးအပြီးကိုကုတင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်စောင့်နေပါတော့တယ်...

Lisaရေချိုးအဝတ်အစားလဲကာထွက်လာတော့ ကုတင်ပေါ်မှာထိုင်နေတဲ့Chaeပေါက်လေးကို...

"ကဲ Babyလဲပြီးပြီဆိုတော့ Daddyတို့ကျောင်းအပ်ဖို့သွားရအောင်..."

"Nae...Daddy..."

Chaeပေါက်လေးလဲ ကုတင်ပေါ်ကနေဆင်းကာ Lisaလက်ကိုဆွဲကိုင်ရင်းအောက်ထပ်ကိုဆင်းလာကာ ခြံထဲကရပ်ထားတဲ့ပြိုင်ကားအဝါလေးထဲနားရောက်တော့Lisaက...

"Baby..."

"Nae..."

"ကျောင်းအပ်တဲ့အချိန်ကျရင် သူများတေဘာမေးမေး Daddyကပဲ Babyရဲ့ Appaရော Ommaရောလို့ပြောနော် ကြားလား..."

"Nae..."

"လိမ်မာလိုက်တဲ့Daddyရဲ့Babyလေး..."

ထိုင်ခုန်ခါးပတ်ပတ်ပေးရင်းLisaကChaeပေါက်လေးနဖူးကိုနမ်းလိုက်ကာ ကားစက်နိူးလိုက်ပြီး ခြံစောင့်ကြီးဖွင့်ပေးထားတဲ့Manobanအိမ်တော်ခြံထဲကနေ YG Schoolဖက်ကို ဦးတည်ကာ ကားကိုမောင်းထွက်လာလိုက်တော့တယ်...ကားမောင်းလာတဲ့တစ်လျှောက်လုံးစကားတေတာတာမြည်အောင်ပြောတတ်တဲ့Chaeပေါက်လေးကလက်လေးနှစ်ဖက်ကိုဆုတ်ကိုင်ထားကာငြိမ်ငြိမ်လေးနေတာကြောင့်Lisaကားမောင်းနေရာကစောင်းငဲ့ကြည့်ရင်း...

"ငြိမ်နေပါလားBabyလေးရဲ့ ဘာလဲကျောင်းတက်ရမှာကြောက်နေလို့လား..."

ပြုံးကာမေးလာတာကြောင့်Chaeပေါက်လေးကသွားကျိုးလေးတေပေါ်အောင်ရယ်ပြကာ...

"အာ့ညီး မကြောက်ပါဘူး BabyဘေးနားမှာDaddyတစ်ယောက်လုံးပါနေတာပဲကို..."

"ဟား ဟား ဟုတ်ပါပြီကွာ...."

သားဖနှစ်ယောက်စကားပြောလာရင်း ကားလေးကYG Schoolရဲ့ ကားပါကင်နေရာရောက်တော့Lisa ကားရပ်လိုက်ကာ...

"ကဲ ရောက်ပါပြီဗျာ ဒီကျောင်းကDaddyငယါကတက်ခဲ့တဲ့ကျောင်းလေ..."

Baby's DaddyWhere stories live. Discover now