အခန်း (၁၀)

Comincia dall'inizio
                                    

ကျွန်မက ဆိတ်ဆိတ်နေလျက်ပါပဲ။

"မမ ပြန်လုပ်ပေးမယ်"

ပြောရင်း မမ မေငြိဏ်းက ကြာဇံထည့်ထားတဲ့ပန်းကန်လုံးကို ယူပြီး ထွက်သွားဖို့ ဟန်ပြင်တယ်။ ကျွန်မ စကား​ပြောရပါပြီ။

"ဟို မလုပ်ပေးပါနဲ့။ ရပါတယ်။ ထားလိုက်ပါ"

"လုပ်ပေးမှာပဲ။ မီးဖိုချောင်မှာ နူးအောင်ပြန်ပြုတ်လာပေးမယ်။ မကြာပါဘူး။ နောက်ပြီး ထမင်းစားချိန်ကြီး ကြာဇံစားမလို့ မဟုတ်လား။ မနူးရင်ဖြင့် ဗိုက်အောင့်နေမယ်ကွယ်"

ဒီမိန်းမရဲ့ ကျွန်မအပေါ် ဇွတ်စီမံမှုတွေကို ကျွန်မ ကောင်းကောင်း သိတာပေါ့။ သူ ဖြစ်ချင်တာ ဖြစ်အောင် လုပ်တတ်တဲ့ မိန်းမမျိုးပဲ။ကျွန်မ မမ မေငြိဏ်း ကိုင်ထားတဲ့ ကြာဇံပြုတ်ပန်းကန်ကို ယူပြီး စားပွဲပေါ်ပြန်တင်လိုက်တယ်။ နောက်ပြီး သူ့လက်ကို ကိုင်ပြီး ကျွန်မ အခန်းထဲ ဆွဲခေါ်လာမိတယ်။

မမ မေငြိဏ်းက အလိုက်သင့်လေး လိုက်လာပါတယ်။ ကေသွယ်က နေ့လည်စာ သွားစားနေလို့ အခန်းထဲမှာမရှိဘူး။ အခန်းထဲထိ မမ မေငြိဏ်းကို ဝင်စေပြီး ကျွန်မ အခန်းတံခါး ဂျက်ချလိုက်တယ်။

"ဘာကြောင့်လဲ"

ကျွန်မ တည့်တည့်ကြည့်ပြီး မေးတော့ မမ မေငြိဏ်း မျက်နှာလွှဲလိုက်ပါတယ်။

"ကလေး ဗိုက်အောင့်မှာစိုးလို့ပါ"

"ဗိုက်အောင့်တော့ရော၊ ဒီအရွယ် ဗိုက်အောင့်တော့ရော ဘာဖြစ်လဲ၊ ဟင် ဘာဖြစ်လဲ လို့"

"ကလေး မမကို မအော်ပါနဲ့"

ကျွန်မအသံဟာ မကျယ်ပါဘူး။ ဒါပေမယ့် ရန်လိုပြီး ခပ်အုပ်အုပ်အသံမျိုးနဲ့ အလျင်စလို မေးနေသလိုတော့ဖြစ်နေတယ်။ သူပြောသလို အော်တဲ့အနေအထား ရောက် မရောက်လည်း ကျွန်မ မဝေခွဲနေအားဘူး။

"ဖြေလေ၊ ဘာကြောင့်လဲ။ ဘာလို့ ဂရုစိုက်ပေးနေသေးတာလဲ"

"ဟင့်အင်း။ မမ အပြင်ထွက်ပါရစေ"

"မရဘူး"

"တံခါးဖွင့်ပေးပါ ကလေး"

"ဘာလဲ။ ရှောင်သွားမလို့လား။ ဒီလောက်လေး မေးတာ မဖြေတတ်ဘူးလား"

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Dove le storie prendono vita. Scoprilo ora