" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part-15 )

132 10 2
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

         အခန်း ( ၁၅ )

      ဝန်းရံခနိုးလာတော့ ကောင်းညို့မာန်က ရေချိုးပြီးလို့ အဝတ်အစားလဲနေလေပြီ။

" ဟင် ထူးထူးဆန်းဆန်း အစောကြီး နိုးနေတာလား ကောင်း "

" အင်းလေ နောက်တစ်နေရာသွားဖို့အတွက် ထရတာပေါ့ဗျ "

" ဟင် ကောင်းက ဘယ်သွားဦးမလို့လဲ "

" လိုက်မှာမဟုတ်လား မလိုက်လည်း မရဘူး လိုက်ရမှာပဲ မေးမနေနဲ့ ရေချိုးတော့ "

" ဒါနဲ့ နာနေသေးလား "

" ဘာကိုလဲဗျ "

" မဟုတ်ဘူးလေကွာ မနေ့က ဒဏ်ရာဆေးထည့်ထားပေးတယ်လေ အဲတာမေးတာပါကွာ "

" ရှင်းရှင်းပြောပါလား မနာတော့ဘူး ယောက်ျားပဲ ဒီလောက်ကတော့ အေးဆေးပါ "

" အင်း "

" ဒါဆို ရေသွားချိုးတော့ သွား "

         ဝန်းရံခလည်း ရေချိုးခန်း ဝင်သွားလေတော့သည်။ ရေချိုးခန်းက ထွက်လာတော့ အဝတ်အစား အသစ်နဲ့ သူ့ကို စောင့်နေသော ကောင်းက ပြုံးပြနေလေသည်။

" အဲတာတွေက ဘယ်တုန်းက "

" အစောကြီး ကျွန်တော် ထွက်ဝယ်ထားတာ နှစ်ယောက်သား ထွက်လာတာ ဘာမှမဝယ်ခဲ့ရဘူးလေ "

" ကောင်းရာ မင်းကတော့လေ မနိုင်ဘူး "

" ဘာလဲ ဆူချင်နေပြန်တာလား ကျွန်တော့ကို "

" ဒါတွေဝယ်ထားတာဆိုတော့မှ မင်း အိမ်မပြန်သေးဘူးပေါ့ "

" အာ ကျွတ်.…. အိမ်ပြန်မှတော့ ဘာလို့ ထွက်လာဦးမှာလဲ "

" ဒါဆို "

" မေမေ့ဘက်က အမျိုးတွေဆီ သွားမလို့ "

" ဟင် ဒါဆို ကိုယ်ကရော "

" အေးလေဗျာ ခင်ဗျားကြီးကိုပါ ခေါ်သွားမှာ "

" ဟာ အဆင်ပြေပါ့မလား ကောင်းရာ "

" မပြေစရာ ဘာရှိလဲ ပြေပါတယ် ဟိုရောက်ရင် ခင်ဗျားပိုပျော်သွားမှာ သိလား "

  " အင်းပါ "

" မင်းသဘောပဲ "

       နှစ်ယောက်သား ပြင်ဆင်ပြီး နံနက်စာစားကာ ထိုတည်းခိုခန်းနေရာလေးမှ ထွက်လာခဲ့ကြလေတော့သည်။
ကားလေးကို အမိုးဖွင့်လိုက်တော့ လတ်ဆတ်သော လေအေးလေးက တိုက်ခတ်လာလေတော့သည်။

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now