“ ပြောလေ။ခေါ်ပြီးမပြောပဲ။ဘာကြည့်နေတာလဲ ”
ဘာမှမပြောပဲရပ်နေတဲ့ Lisa ကြောင့် Jen ပြောလိုက်တယ်။

“ ဘာသူတွေလဲ Jen ”
Jisoo Jen ကိုရပ်ကြည့်နေတဲ့ Lisa ကိုမေးငေါ့ပြီးမေးလိုက်တယ်။ဟိုတစ်ယောက်ကလည်း jisoo ကိုဘာတွေဒီလောက်ကြည့်နေတယ်မသိ။တစ်ခါမှလည်းမမြင်ဖူးပါပဲ။

“ အော်။ထိုင်လေ‌ ban ။ဘေးကညီမလေးရောထိုင် မမ နဲ့မိတ်ဆက်ပေးမယ် ”

“ အင်း ”
Chaeyoung ကတော့ခုံဆွဲပြီးမြန်မြန်ထိုင်လိုက်တယ်။ Lisa ကတော့ဘာတွေအလိုမကျနေတယ်မသိ။‌

“ ban ဒါ မ မမ Kim jisoo တဲ့။ မမ ဒါဟိုတစ်ခါ Jen ပြောတဲ့ဆိုင်ကယ်နဲ့သူလေ။ lalisa manoban တဲ့ ”

Lisa မျက်နှာကတော့ခုနကနဲ့မတူဝင်းပလို့။အဲ့တာဘယ်လိုဖြစ်တာလဲ lalisa ရ။ငါ့ကိုကျမိတ်ဆက်ပေးမယ်မရှိဘူး။

“ အော် ဟုတ်။တွေ့ရတာဝမ်းသာပါ unnie ”

Lisa Chaeyoung ကိုလှည့်ကြည့်လိုက်တယ်။ပေါင်ကိုဘာတွေလာကိုင်နေတယ်မသိ။ငါ လုပ်လိုက်ရ။မသိမသာလေး မေးငေါ့ပြီးမေးလိုက်တယ်။ဘာလဲဆိုတဲ့သဘောနဲ့။ပြီးမှသဘောပေါက်သွားကာ။

“ အာ မ ဒါ ban သူငယ်ချင်း park Chaeyoung တဲ့ ”
အဲ့တော့မှ Chaeyoung မျက်နှာမျောက်အုန်းသီးရသလိုပြုံးရွှင်သွားတော့တယ်။

“ ဟုတ် unnie Lisa ကိုခင်သလိုခင်ပါနော်။ဒီက unnie ရောခင်ပါနော် ”

အဲ့တော့မှအသည်းပုံ မမ ကပြုံးပြတော့တယ်။ဟိ လှလိုက်လေခြင်း။

“ ဘာလာလုပ်ကြတာလဲ မ တို့က ”

“ shopping ထွက်လာတာလေ။ဒီနေ့ မမ လည်းအာတာနဲ့ မ လည်းဆေးခန်းပိတ်ထားတယ်။အဟိ ”

အားး။အူတွေအသည်းတွေယားလွန်းလို့သေတော့မှာပဲ။ ဒီလူကိုတဖြုတ်ဖြုတ်ကြွေအောင်လုပ်နေတာ။ Chaeyoung က‌‌ မ မမ ကိုဘာတွေအဲ့လောက်ကြည့်နေတယ်မသိ။ဟိုမှာအနေရခက်နေတာကိုမသိတာလား park Chaeyoung က။

“ အင်း အခုပြန်တော့မှာလား ”

“ အွန်း။ပြီးပြီလေပြန်တော့မှာ ”

သူတို့စကားဝိုင်းလေးခနတာတိတ်ဆိတ်သွားတယ်။ park Chaeyoung ကဘာမှ မှမပြောပဲရှေ့က unnie ကိုသွားရည်ကျအောင်ငမ်းနေတာ။နည်းနည်းပါးပါးအားမနာဘူး။ငါ့အနာဂတ်ချစ်သူလေး သူ မမ ကိုအဲ့သလောက်ကြည့်တယ်ဆိုပြီးးစိတ်ရှုပ်သွားမှဖြင့်။

Mg's Ruby Donde viven las historias. Descúbrelo ahora